< 2023>
အသံဗလံတွေကြားလို့ နာရီကိုကြည့်လိုက်တော့ နံနက်လေးနာရီရှိပြီ။ ရွာမှာ ဘုန်းတော်ကြီးတွေက ငါးနာရီထိုး ကြွကြတာမို့ ရွာသူရွာသားတွေအနေနဲ့ ဤအချိန်လောက် ထချက်မှသာ ဆွမ်းဟင်းက အဆင်သင့်ဖြစ်တာကြောင့် အိမ်အတော်များများက နံနက်လေးနာရီဆိုရင် ချက်ပြုတ်နေကြပြီ။ အခုကြားနေရတာဟာလည်း ဟင်းအိုးခေါက်သံ၊ ဆေးသံကျောသံများဖြစ်တာကြောင့် အမေ ဆွမ်းလောင်းဖို့အတွက် ထမင်းထချက်နေတာထင်ပါတယ်။ အဲ့တော့ ကျွန်တော်လည်း ပြန်အိပ်လို့မရတော့တာနဲ့ အမေ့ကို ဝိုင်းကူမယ်ဆိုပြီး အောက်ထပ်ကိုပဲ ဆင်းလာလိုက်တော့တယ်။
"ဟိုကောင်လေး... ဘာလုပ်ဖို့ဆင်းလာတာတုန်း... အခုမှ အစောကြီးရှိသေးတယ်၊ ပြန်အိပ်အုန်းလေ"
ကျွန်တော် အောက်ထပ်ကို ဆင်းလာလာချင်း အမေ့ဆီကနေ ကြားလိုက်ရတဲ့ စကားသံဖြစ်တယ်။
"ပြန်အိပ်လည်း မပျော်တော့ဘူး အမေရဲ့... အဲ့ဒါကြောင့် အမေ့ကို ဝိုင်းကူဖို့ ဆင်းလာလိုက်တာ"
"ဒီမှာတော့ ဘာမှ ကူစရာမရှိဘူး၊ တကယ်လို့ မင်းကူချင်ရင်တော့ လမ်းဘက်မှာ တံမြက်စည်းသွားလှဲချေ"
"ဟုတ်၊ ဒါဆို သား တံမြက်စည်းသွားလှဲလိုက်မယ်"
"အေးအေး... သြော်... ကိုခန့် ခဲလုံးလေးတွေ တွေ့ရင်လည်း ဘေးကိုဖယ်ထားလိုက်နော်၊ ဒါမှ ကိုယ်တော်တွေ ခဲမနင်းမိမှာ"
"ဟုတ်ကဲ့"
အိမ်အပြင်မှာတော့ တပေါင်းလမို့ ဗာဒံရွက်တွေက ဖွေးဖွေးကြွေနေလေရဲ့... နံနက် လေးနာရီပဲ ရှိသေးပေမဲ့ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်တွေရဲ့ အလင်းရောင်နဲ့ အပြင်ဘက်က မှောင်မည်းလို့မနေပါ။ ကျွန်တော်တို့ဆီက လက်ဖက်ရည်ဆိုင်၊ စျေးဆိုင်တွေဟာ ဝီရိယကောင်းစွာနဲ့ပဲ နံနက်စောစော ဖွင့်တတ်ကြသလို အိမ်တိုင်းအိမ်တိုင်းကလည်း စောစောထချက်တတ်ကြတာကြောင့် နံနက်လေးနာရီထိုးဆိုပေမဲ့ တစ်ရွာလုံး ဆူညံနေတာပါပဲ။
"ကောင်းခန့်"
တံမြက်စည်းလှဲနေတုန်း အနောက်ဘက်ကနေ ရုတ်တရက် ကြားလိုက်ရတဲ့အသံကြောင့် ကျွန်တော့်ကိုယ်လေး ဆတ်ခနဲဖြစ်သွားရတယ်။ အံ့သြမှုနဲ့အတူ လှည့်ကြည့်လိုက်တော့ ကျွန်တော်ထင်သလို တကယ်ကြီး အောင်ဖြစ်နေတာကို တွေ့ရတာကြောင့် စိုးရိမ်စိတ်နဲ့အတူ အိမ်ထဲကို လှမ်းကြည့်မိတယ်။ အဲ့ဒီအပြုအမူကို အောင်က ရိပ်မိတယ်ထင်ပါရဲ့ သူက
YOU ARE READING
ဤဌာနေ... မြေစစ်ကိုင်းဆီမှ... (Completed)
Short Storyဇာတ်ကြောင်းပြောပုံစံမို့ မကြိုက်ရင်မဖတ်ပါရန်