P_25 (Uni)

762 92 8
                                    

2010, အောက်တိုဘာ

ရွာဘုရားပွဲ ပြီးသွားတဲ့နောက်မှာလည်း ကျွန်တော် အောင်နဲ့ထပ်မတွေ့ရတော့ပြန်ပါဘူး။ ကျောင်းဖွင့်တာ နှစ်ဝက်လည်းရှိသွားပြီမို့ ကျွန်တော်က စာတွေနဲ့ပဲ လုံးပန်းနေရပြီး အောင့်အတွက်ကို ဘယ်လိုမှအချိန်မပေးနိုင်ခဲ့ဘူး။ စာမေးပွဲအောင်ရစေမယ်လို့ အမေ့ကို ပေးထားတဲ့ ကတိအတွက်လည်း ကျွန်တော်က စာတွေပိုကြိုးစားရတယ်။

အောင်လည်း အလုပ်တွေကြိုးစားနေတယ်ထင်ပါရဲ့... သူလည်း ဘုရားပွဲပြီးကတည်းက ထွက်သွားလိုက်တာ ကျွန်တော် စာမေးပွဲကြီးဖြေတော့တောင် ရွာဘက်မှာမရှိဘူး။ သူ အဲ့ဒီလို ရွာဘက်မှာမရှိတာက ကောင်းတော့လည်း ကောင်းပါတယ်။ သူမရှိတော့ ကျွန်တော်က စာကို ပေါ့ပေါ့ပါးပါးကျက်ရတယ်။ မဟုတ်ရင် ကျွန်တော် သူ့ကို တွေ့ချင်နေတာနဲ့ စာကျက်ရတာ သိပ်ပြီးတော့စိတ်ပါမှာမဟုတ်ဘူး။

တကယ်တမ်းပြောရမယ်ဆိုရင် ကျွန်တော်က လူတစ်မျိုး။ အောင် ရွာဘက်မှာ မရှိတဲ့အခါ သူ့ကိုမမြင်ရ၊ မတွေ့ရဘဲ နေနိုင်ပေမဲ့၊ အောင် ရွာပြန်ရောက်နေပြီလို့ သိလိုက်ရရင်တော့ဖြင့် သူ့ကိုတွေ့ချင်၊ မြင်ချင်လာတယ်။ အဲ့တော့ လမ်းသွားတိုင်းလည်း ကျွန်တော့်မှာ ဂနာမငြိမ်။ အောင့်ကိုများ ဖျတ်ခနဲ မြင်ရမလားဆိုတဲ့စိတ်နဲ့ ဟိုဟိုဒီဒီ မျက်စိကစားနေမိတယ်။ သို့ပေမဲ့ အောင်မရှိရင်တော့ ကျွန်တော့်မျက်လုံးက အသေပါပဲ။ အရှေ့ကလွဲရင် ဘယ်မှလည်းမကြည့်သလို ဘာကိုမှလည်း အာရုံမရောက်ပါဘူး။

ဆယ်တန်းစာမေးပွဲကိုတော့ ကျွန်တော်ဖြေနိုင်ပါတယ်။ မှန်းထားတဲ့ နည်းပညာတက္ကသိုလ်ကိုလည်း သွားနိုင်မယ်လို့ ကျွန်တော်ထင်တယ်။ အောင်ကတော့ ကျွန်တော်တို့ စာမေးပွဲကြီးပြီးသွားတဲ့အထိလည်း ရွာကို ပြန်မရောက်သေးပါဘူး။ ဧပြီလရောက်မှပဲ သူပြန်လာတယ်။ ဒါတောင် အစောကြီးမဟုတ်ပါဘူး။ သင်္ကြန်ကျဖို့ တစ်ရက်၊ နှစ်ရက်အလိုလောက်မှပဲ ပြန်လာတာ။

တကယ်တော့ အဲ့ဒီနှစ်သင်္ကြန်တုန်းက ကျွန်တော် အောင်နဲ့မတွေ့ဖြစ်ပါဘူး။ သူပြန်ရောက်တဲ့နေ့မှာပဲ ကျွန်တော်တို့အိမ်က ဘုရားဖူးထွက်ဖြစ်ကြပြီး သင်္ကြန်အပြီး ငါးရက်ကြာမှ ရွာကိုပြန်ရောက်တယ်။ ကျွန်တော်ပြန်ရောက်တော့ အောင်က ရွာမှာမရှိတော့ဘူး။

ဤဌာနေ... မြေစစ်ကိုင်းဆီမှ... (Completed)Where stories live. Discover now