P_20 (Uni)

757 105 44
                                    

2023, လက်ရှိ

"ဘယ်သွားမလို့တုန်းကိုခန့်"

အိမ်အပြင်ထွက်ဖို့ကြံနေတဲ့ကျွန်တော့်ကို အမေက လှမ်းမေးလိုက်တာကြောင့် ကျွန်တော့်ခြေလှမ်းတွေတုံ့ခနဲ...

"ရောက်တုန်းရောက်ခိုက် ဘုရားသွားဖူးမလို့ပါအမေ"

"ဘယ်သူနဲ့တုန်း"

"....."

ကျွန်တော် ဘယ်လိုပြန်ဖြေရမှန်း မသိပါဘူး။ စိတ်ထဲလည်း မလုံမလဲဖြစ်ပြီး ကျွန်တော်ဂနာမငြိမ်ပါ။

"သားလိုက်ပို့မှာအမေ... အပြင်ကစောင့်ကိုခန့်... ငါ ဆိုင်ကယ်ထုတ်ပြီးလာခဲ့မယ်"

အမေ့ကိုလည်းဖြေရင် ကျွန်တော့်ကိုလည်းလှည့်ပြောလာတဲ့ကောင်းသန့်ကြောင့် ကျွန်တော့်မှာ အတော်လေးရင်အေးသွားတယ်။ ထင်တဲ့အတိုင်း အမေကလည်း ဘာမှမပြောပါ။ နောက်တော့ ကောင်းသန့်က တကယ်ကြီးဆိုင်ကယ်ထုတ်လာပြီး

"တက်ကိုခန့်.. ဆေးရုံကြီးတောင်ဘက်အထိ ငါလိုက်ပို့ပေးမယ်၊ မင်းပြန်တော့မယ်ဆို ငါ့ကိုဖုန်းလှမ်းဆက်လိုက်၊ ငါလာကြိုမယ်နော်"

ဆိုတော့ ကျွန်တော် ဘာမှပြောမနေတော့ဘူး။ ခေါင်းကိုပဲညိတ်ပြပြီး သူ့ဆိုင်ကယ်နောက်ကနေပဲ လိုက်သွားလိုက်တယ်။ ဆေးရုံကြီးတောင်ဘက်ရောက်တော့ အရင်ရောက်နှင့်နေတဲ့ အောင့်ကိုတွေ့ရတယ်။ ကျွန်တော်တို့ကိုမြင်တော့ အောင်ပြုံးတယ်။

"ကျေးဇူးပဲယောက်ဖ"

"အပိုတွေ... ကိုခန့် ပြန်မယ်ဆိုဖုန်းဆက်နော်... နောက်ပြီး အဲ့ကောင် ဘာလုပ်လုပ်မခံနဲ့"

"ဟုတ်တယ်... မင်းအကိုက ငါဘာလုပ်လုပ် ငြိမ်နေမယ့်သူလေးဆိုတော့"

"ငါ့အကိုအကြောင်း ငါသိလို့ပြောတာ မင်းလျှာဝင်မရှည်စမ်းနဲ့"

"မင်းအကိုအကြောင်းကို ငါလောက်မသိချင်နဲ့ယောက်ဖလေး"

"....."

ကျွန်တော့်ကို ဘေးမှာထားပြီး ကျွန်တော့်အကြောင်းကို သူပိုသိတယ်၊ ငါပိုသိတယ်ဆိုပြီး ပြိုင်ငြင်းနေကြတဲ့ သူတို့နှစ်ယောက်ကြောင့် ကျွန်တော့်မှာ ဘာပြောလို့ပြောရမှန်းမသိဘူး။

ဤဌာနေ... မြေစစ်ကိုင်းဆီမှ... (Completed)Where stories live. Discover now