2023, လက်ရှိ
"မျက်လုံးမှိတ်လိုက်ကောင်းခန့်"
"ဘာ... ဘာလုပ်မလို့တုန်း"
"ဘာမှမလုပ်ပါဘူး... ခဏမှိတ်လိုက်"
ဆိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကျွန်တော်မျက်လုံးမှိတ်ဖြစ်တယ်။ ကျွန်တော်မျက်လုံးမှိတ်ပြီးတာနဲ့ အောင်က မျက်နှာချင်းဆိုင်အနေအထားနဲ့ ကျွန်တော့်ပခုံးနှစ်ဖက်ကို သူ့လက်နှစ်ဖက်နဲ့ အသာအယာဆုပ်ကိုင်လာတာကို သတိထားမိတယ်။ နောက်တော့ ကျွန်တော့်ပါးပြင်တစ်ဖက်ဟာလည်း နူးညံ့ညံ့တစ်စုံတစ်ရာရဲ့ နှေးဖွဖွထိတွေ့မှုကို ခံလိုက်ရတာကြောင့် ကျွန်တော့်ခြေထောက်တွေဟာလည်း မခိုင်စွာနဲ့ ခွေယိုင်ကျရတယ်။
ခွေယိုင်ကျသွားတဲ့ကျွန်တော့်ကို အောင်က ထိန်းကူပေးလိုက်တာမို့ မြေပြင်အထိတော့ ကျွန်တော်လဲကျမသွားပါဘူး။
"အောင်လွင်ဦး!"
စိတ်လှုပ်ရှားစွာနဲ့ ကျွန်တော် သူ့နာမည်ခေါ်လိုက်တော့ အောင်က သူထိန်းကူထားတဲ့ ကျွန်တော့်ကို သူ့ရင်ခွင်ထဲ အသာအယာဆွဲသွင်းတယ်။
"ချစ်တယ် ကောင်းခန့်"
"...."
ကျွန်တော် ဘာမှ ဆက်မပြောနိုင်တော့ပါဘူး။ ယခုအချိန်မှာတော့ အောင်ဟာ ကျွန်တော့်အတွက် အရိုးပျော့ဆေးတစ်ခွက်လိုပဲမို့ အောင့်ကိုငြင်းဆန်ဖို့ ကျွန်တော့်မှာ ဘာအင်အားမှရှိမနေတော့ဘူး။ ကျွန်တော် အောင့်ကိုချစ်တယ်။ ချစ်လွန်းလို့ အသက်ထွက်ရမယ်ဆိုလည်း ထွက်ပါစေတော့...
သို့ပေမဲ့ ပျော့ကျသွားတဲ့ ကျွန်တော့်ခန္ဓာကို အောင်က သတိထားမိပါတယ်။ သူ ကျွန်တော့်ကို အသာအယာဖေးမပြီး အမှီရှိတဲ့နေရာအနားမှာ ထိုင်ပေးတယ်။ နောက် သူပါ ကျွန်တော့်ဘေးဝင်ထိုင်ပြီး ကျွန်တော့်ဦးခေါင်းကို သူ့ရင်ခွင်မှာ မှီပေးရင်း သူ့လက်တစ်ဖက်ကတော့ ကျွန်တော့်ကို ခပ်ဖွဖွဖက်လာပါတယ်။
"အဆင်ပြေရဲ့လားကောင်းခန့်"
"အင်း..."
"တောင်းပန်ပါတယ်... မင်းအဆင်မပြေမှာကိုသိပေမဲ့လည်း ငါ"
YOU ARE READING
ဤဌာနေ... မြေစစ်ကိုင်းဆီမှ... (Completed)
Short Storyဇာတ်ကြောင်းပြောပုံစံမို့ မကြိုက်ရင်မဖတ်ပါရန်