2008, နိုဝင်ဘာ
ကျွန်တော် အောင့်ကိုစာပြန်ပြီး သုံးရက်မြှောက်နေ့မှာတော့ အောင်လွင်ဦးက ပေးခိုင်းလိုက်တာဟုဆိုကာ အတန်းခေါင်းဆောင်ဆီကနေ စာတစ်စောင် ထပ်ရတယ်။ ဖတ်ကြည့်လိုက်တော့ သူ ခရီးထွက်သွားပြီးဖြစ်ကြောင်းနဲ့ ဒီတစ်ခေါက်လည်း ပြင်ဦးလွင်ကိုပဲ သွားတာဖြစ်ကြောင်းကို သိခွင့်ရခဲ့တယ်။ နောက်ပြီး အရင်တစ်ခေါက်ထက်လည်း နည်းနည်းပိုကြာပါမယ်တဲ့...
ဆိုတော့ ကျွန်တော် မဆိုစလောက်လေးတော့ စိုးရိမ်မိတယ်။ ကျန်တာတော့မဟုတ်ပါဘူး၊ ပြင်ဦးလွင်ကိုပဲ ထပ်သွားတဲ့အတွက် အဲ့ဒီမှာ အနေကြာပြီး အသစ်ရသွားမှာကိုစိုးရိမ်မိတာပါ။ သို့ပေမဲ့ အောင် ခရီးထွက်ပြီး တစ်လလောက်အကြာမှာ ကိုချမ်းသာနဲ့ တွေ့လိုက်ရတာကြောင့် ကျွန်တော့်စိုးရိမ်စိတ်ဟာလည်း ကြက်ပျောက်ငှက်ပျောက်ပါပဲ။
ကိုချမ်းသာဆိုတာကတော့ အဲ့ဒီတုန်းက အောင်လိုက်သွားတဲ့ ပန်းရံဆရာရဲ့သားအငယ်ပါ။ သူက သူ့အဖေ ခိုင်းလိုက်တဲ့ ကိစ္စတစ်ခုနဲ့ ရွာကို ခဏပြန်လာတာ။ သူပြန်တာကို အောင်က ကျွန်တော့်အတွက် စာထည့်ပေးလိုက်တာပါတဲ့...
ကိုချမ်းသာနဲ့က မြစ်ဆိပ်မှာ အမှတ်မထင်ဆုံမိတာပါ။ ကျွန်တော်နဲ့လည်း ခင်တဲ့သူမဟုတ်တဲ့အတွက် အရင်ကလည်း စကားမပြောဖူးပါဘူး။ အဲ့ဒါကြောင့် သူလာနှုတ်ဆက်တော့ နည်းနည်းအံ့သြမိသေးတယ်။ နောက်တော့ ကိုချမ်းသာက
"ညီလေး... ညကျ အကို့ကို အပြင်မှာထွက်စောင့်နေပေးလို့ရမလား... အောင်လွင်ဦးက ညီလေးအတွက် စာထည့်ပေးလိုက်တာ အဲ့ဒါ အကိုလာပေးချင်လို့"
ဆိုတော့ ကျွန်တော်ရင်ခုန်သွားတာအမှန်ပါ။ နောက်ပြီး အောင့်ဘက်ကနေ ကျွန်တော့်ကို အမှတ်တရရှိနေတဲ့အတွက်လည်း ပျော်တယ်။ အဲ့ဒါကြောင့် ညနေစာကိုလည်း စောစောစားပြီး ကျွန်တော်က အပြင်မှာ ထွက်စောင့်ဖြစ်ခဲ့တယ်။
ည (၇)နာရီခွဲလောက်ကျ ကိုချမ်းသာရောက်လာတယ်။ ကျွန်တော် အပြင်မှာထိုင်နေတာမြင်တော့ သူ ကျွန်တော့်အနားကိုရောက်လာပြီး ဘေးမှာဝင်ထိုင်တယ်။ ဟိုကြည့် ဒီကြည့်နဲ့ လူအလစ်မှာတော့ စာခေါက်လေးပေးတယ်။ နောက်တော့ သူက ချက်ချင်းမပြန်သေးဘဲ
YOU ARE READING
ဤဌာနေ... မြေစစ်ကိုင်းဆီမှ... (Completed)
Short Storyဇာတ်ကြောင်းပြောပုံစံမို့ မကြိုက်ရင်မဖတ်ပါရန်