2010, စက်တင်ဘာ
စိတ်ကူးနဲ့ရူးနေတဲ့ကျွန်တော် မကြာပါဘူး အောင်တစ်ယောက် အဝေးမှာ ကောင်မလေးရနေပြီဆိုတဲ့သတင်းကို အရင်ကြားရတယ်။ ကြားကြားချင်း လူက ရူးမလိုပါပဲ။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် ခံနိုင်ရည်ရှိအောင် ဘူးခံငြင်းနေပေမဲ့ ကျွန်တော် လုံးဝ(လုံးဝ) တည်ငြိမ်အောင်မနေနိုင်ပါဘူး။
အချစ်ရေးနဲ့ ပညာရေးက တစ်ကန့်စီပဲလို့ လက်ခံထားတဲ့ကျွန်တော် အဲ့သတင်းကိုကြားပြီး စာတွေလည်းမကျက်နိုင်ပါ။ အရှေ့မှာ ဆရာစာရှင်းပြနေလည်း "အောင်က ငါ့ကိုချစ်တာ၊ ငါ့ကိုတကယ်ချစ်တာပါ၊ အဲ့သတင်းက လုံးဝမဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ပါဘူး"ဆိုတာကိုပဲ အဆက်မပြတ်တွေးမိပြီး ဘာဆိုဘာမှလည်း နားမလည်ဘူး။
ကျွန်တော် အောင့်ကိုမေးပစ်လိုက်ချင်တယ်။ အဲ့သတင်းက အမှန်ပဲလားဆိုပြီးတော့လေ... သို့ပေမဲ့ ကျွန်တော့်မှာ သူ့ဆီဆက်သွယ်ဖို့ နည်းလမ်းမရှိဘူး။ အရင်တုန်းကတော့ အောင်က ခရီးထွက်တိုင်း ဖုန်းနံပါတ်ပေးခဲ့ပေမဲ့ နောက်ပိုင်း ကျွန်တော်ဖုန်းမဆက်တော့ သူလည်းမပေးခဲ့တော့ဘူး။ ဆိုတော့ ကျွန်တော် အတော်လေး ဂနာမငြိမ်ပါ။ နောက်ဆုံး မနေနိုင်လွန်းလို့လေ ကျွန်တော် ခွင့်တိုင်ပြီး အိမ်မှာ တစ်ပတ်လောက်ပြန်နေရတယ်။
အရင်က လူကြီးသူမတွေပြောတတ်တဲ့ ပညာသင်နေတဲ့အချိန်မှာ ရည်းစားမထားနဲ့ဆိုတာဟာ တကယ်ကိုမှန်ပါတယ်။ ပညာရှာနေတဲ့အချိန် ရည်းစားထားခြင်းဟာ သင့်ရဲ့ပညာရေးကို အရမ်းအရမ်းကို ထိခိုက်စေပါတယ်။ ကျွန်တော်လည်း ထိုနည်းလည်းကောင်းပါပဲ။
ကျွန်တော် အစားတွေလည်း မစားနိုင်ပါ။ နေ့နေ့ညည အိပ်ရာထဲမှာပဲခွေနေတတ်ပြီး မကြာခဏဆိုသလို မျက်ရည်လည်းကျတယ်။ ကျွန်တော် အောင့်ကို သိပ်သတိရတာပဲ။ အောင်ကရော ကျွန်တော့်ကို သတိရရဲ့လားလို့တွေးမိပြီး ဝမ်းလည်းနည်းတယ်။
နောက်ပြီး အဲ့ဒီတုန်းက ကျွန်တော်အသည်းကွဲနေတာဟာ အရမ်းကိုသိသာလွန်းတာကြောင့် နောက်ဆုံးတော့ အမေတို့လည်း ရိပ်မိသွားတယ်။ အစကတော့ ကောင်မလေးကထားခဲ့လို့ ကျွန်တော် အဲ့ဒီလိုဖြစ်နေတယ်လို့ထင်ကြပေမဲ့ နောက်တော့ ကျွန်တော့်ပုံစံက အရမ်းအရမ်းကို ရုပ်ပျက်လွန်းနေတာကြောင့် ဘယ်ကောင်မလေးတုန်းဘာညာ သိချင်တာနဲ့ ကျွန်တော့်အခန်း၊ ကျွန်တော့်ကျောင်းလွယ်အိတ်ကို မွှေကြရာကနေ အောင်နဲ့ဖြစ်နေမှန်းကို သိကုန်ကြတာ။
YOU ARE READING
ဤဌာနေ... မြေစစ်ကိုင်းဆီမှ... (Completed)
Historia Cortaဇာတ်ကြောင်းပြောပုံစံမို့ မကြိုက်ရင်မဖတ်ပါရန်