P_19 (Uni)

707 104 29
                                    

2023, လက်ရှိ

"ကိုခန့်..."

"....."

အောင်နဲ့တွေ့ပြီး အိမ်ထဲပြန်အဝင်မှာ ကြားလိုက်ရတဲ့ ကောင်းသန့်ရဲ့အသံကြောင့် ကျွန်တော့်မှာ တုန်လှုပ်သွားရတယ်။

"ဘယ်ကပြန်လာတာတုန်း"

ထပ်မေးလာတဲ့ သူ့အမေးကြောင့် ကျွန်တော့်စိတ်ထဲ ယောက်ယက်တွေခက်နေပေမဲ့ အပြင်မှာတော့ ခပ်တည်တည်နဲ့ပဲ ကျွန်တော်ညာပြောလိုက်တယ်။

"သေးပေါက်"

"သေးက ခြံအပြင်ထိ ထွက်ပေါက်တာလား"

"......"

"နောက်ပြီး သေးပေါက်သွားတာလည်း နှစ်နာရီလောက်ကြာတယ်နော်"

သိသိလျက်နဲ့ လာမေးနေတဲ့ကောင်းသန့်ကြောင့် ကျွန်တော်က ဘာပြန်ပြောရမှန်းမသိတော့ဘူး။ နောက်တော့ ဘာမှလည်းမပြောချင်တော့တာနဲ့ အခန်းထဲကိုပဲ ဝင်ခဲ့လိုက်တော့တယ်။ သို့ပေမဲ့ ကောင်းသန့်ကလည်း သူ့အခန်းသူ မပြန်ဘဲ ကျွန်တော့်နောက်ကို လိုက်လာတာကြောင့် ဘာတုန်းဆိုတဲ့သဘောနဲ့ ကျွန်တော်က မေးဆတ်ပြလိုက်တော့ သူက

"အောင်လွင်ဦးနဲ့ တွေ့လာတာမဟုတ်လား"

သိရဲ့သားနှင့် မေးနေတာဖြစ်တဲ့အတွက် ကျွန်တော်က မဖြေဘဲ ဒီအတိုင်းပဲငြိမ်နေလိုက်တယ်။ ဆိတ်ဆိတ်နေပြီး ဝန်ခံလိုက်တာလည်းပါတာပေါ့လေ။

"ကိုခန့်"

ဘာလဲဆိုတဲ့သဘောနဲ့ သူ့ကိုကြည့်တော့...

"မင်း... သူ့ကို ဘယ်လောက်ထိချစ်တုန်း"

ဒီမေးခွန်းကိုတော့ ကျွန်တော်မဖြေပါဘူး။ ဖြေရင်ရော သူက ကျွန်တော့်ကို နားလည်နိုင်မှာမို့လို့လား။ အဲ့ဒါကြောင့် ကျွန်တော်က စကားလမ်းကြောင်းလွှဲလိုက်ပြီး

"သူ့ဆိုင်ကယ်ကို မယူပါနဲ့၊ သူ့ခများ အဲ့ဒါလေးနဲ့ပဲ လုပ်စားနေရတာကို"

ကျွန်တော်ပြောလိုက်တော့ ကောင်းသန့်ကရယ်တယ်။

"ကိုခန့်... ကိုခန့်... မင်း ဘာမှဖြင့်မသိဘဲနဲ့ လူတတ်ကြီးပုံစံကလုပ်ပြန်ပြီ"

"....."

"အောင်လွင်ဦးက မွဲနေလို့ ဆိုင်ကယ်,ကယ်ရီဆွဲစားတယ်ထင်နေတာလား"

ဤဌာနေ... မြေစစ်ကိုင်းဆီမှ... (Completed)Where stories live. Discover now