အချိန်အားဖြင့် ည၈နာရီဝန်းကျင်ခန့်။Hotel ရဲ့ အခင်းအကျင်းက အနောက်တိုင်းဆန်ဆန်နှင့် တိတ်ဆိတ်သော ဝန်းကျင်ကို အသက်သွင်းပေးနေသည့် တယောသံစဉ် ခပ်အေးအေး ငြိမ့်ငြိမ့်က ပကတိအေးချမ်းစိတ်ငြိမ်ဖွယ်ကောင်းလှသည်။
ထို Hotel အတွင်း VVIP ဝိုင်းမှာမှ အသားရေကြည်လင်းရှင်းသန့်နေကာ မီးခိုးရောင်ရှပ်လက်ရှည်နဲ့ အနက်ရောင်Style Pantအရှည်ကို သပ်ရပ်ကျနစွာ တွဲဖတ်ဝတ်ထားပြီး ခြေတံလက်တံရှည်ရှည်သွယ်သွယ် ရုပ်ရည် ချောမောသန့်ရှင်းပြီး မျက်နှာထားတည်ငြိမ်လှသော အမျိုးသားတစ်ယောက် နှင့်Body fit လည်ပင်းခပ်ကျယ်ကျယ် အနက်ရောင် ပေါင်လယ်လောက်ကို လှပသောခန္ဓာကိုယ်နှင့်လိုက်ဖက်စွာ ဝတ်ဆင်ထားသည့်အသားဖြူဖြူ ရုပ်ရည်လှလှ၊ ဆံပင်ဖြောင့်ဖြောင်းစင်းစင်း ကျောလယ်ခန့်ကို ဖြန့်ချထားသော အမျိုးသမီးတို့ ရှိနေသည့် ညစာစားဝိုင်းသည် စကားစမြည်တို့ဖြင့် အသက်ဝင်လျှက်ရှိ၏။
ထို အမျိုးသားကတော့ The Garden Group ၏ Chairman ပျိုးဥယျာဉ်ဖြစ်ပြီး အမျိုးသမီးကတော့ သူ၏ချစ်သူမိန်းကလေးပင်။
ချောမဒီရဲ့ ပန်းကန်ထဲသို့ အခွံအသင့်နွှာထားတဲ့ ပုဇွန်တစ်ကောင်ထည့်ပေးလိုက်လျှင် ရွှန်းလဲ့နေသော အပြုံးတို့ဖြင့် တုန့်ပြန်လျက်..."ကိုလည်း စားလေ...ချောကိုပဲ လုပ်ပေးနေတယ်"
"စားပါတယ် ချောရဲ့... ကိုဒီရက်ပိုင်း အလုပ်တွေပိပြီး ချောကို ပစ်ထားမိသလိုဖြစ်နေတာ အားနာမိလို့ "
အလုပ်တွေ ဖိလုပ်ပြီး ကိုယ့်ကိုအားနာနေတဲ့ ချစ်သူကို ချောမဒီ စိတ်မကွက်ရှာပါ။
ဒါ သူမအတွက် အကျင့်ဖြစ်နေတာထက်
ကိုယ်အသက်၂၀အရွယ်ကနေ အခု၂၄နှစ်ထိတွဲလာတဲ့ ချစ်သူသက်တမ်း ၄နှစ်တာတွင် သူက ချောကို အချိန်သိပ်မပေးနိုင် ပေမယ့်
သိပ်ချစ်တတ်ပြီးဂရုစိုက်တတ်တဲ့လူမျိုး၊ အရှုပ်အရှင်း ဟူ၍လည်း ချောနည်းနည်းမှ စိတ်မပူရအောင် စိတ်ချရတဲ့လူမျိုး၊ ကို့' ရဲ့ ရုပ်ရည် အောင်မြင်မှု အရှိန်အဝါနဲ့ဆို ရှုပ်ပွေချင်စိတ်ရှိရင် မိန်းကလေးမရှား ဒါပေမယ့် ကို'က မိမိကလွဲ ဘယ်သူစိမ်းမိန်းမကိုမှ အလုပ်ကိစ္စကလွဲရင် လိုတာထက် ပိုမပတ်သက်ခဲ့ ဒါကြောင့်
မို့ အချိန်မပေးနိုင်ခြင်းဟူသည့် ကိစ္စကို ချောက သိပ်အရေးကြီးခွင်ကျယ်လုပ်မနေပါ ။
YOU ARE READING
A year of love(U/Z)