Part-24

24.3K 1.2K 29
                                    

ပျိုး သူ့ရဲ့ ဟကွဲဖြစ်နေတဲ့ အနက်ရောင်ရှပ်အင်္ကျီရဲ့ ကြယ်သီးတွေကိုတပ်ပေးရင်း သူ့ကိုတစ်ချက်မော့ကြည့်တော့ သူက ပျိုးကိုကြည့်ကာ ကျေကျေနပ်နပ်ပြုံးနေ၏။

မင်းညီလာမောင်တို့သိပ်ကို ကျေနပ်နေမှာပေါ့။လူကို ခိုင်းနေရတာကို။

"အိမ်ကိုရောက်ရင် အဖေ နဲ့ အမေကို စကားကောင်းကောင်းပြောနော်၊ မင်းကန့်လန့်တွေချည်းမပြောနဲ့ အလုပ်ကိစ္စကတော့ မေးမှာသေချာတယ် မင်း အေးအေးဆေးဆေး နဲ့ သေချာပြောပြ"

မင်းညီလာ မျက်နှာအနည်းငယ် တည်သွားတာကို ပျိုးသတိထားမိလိုက်၏။သူ့မိဘအိမ်ကိုသွားဖို့ အာပေါက်မတတ်ကို ပြောထားလို့ ရပေမယ့် သူ့ရဲ့ ကျွတ်ဆတ်ဆတ်အချိုးကိုတော့ ပြောလို့မှရပါ့မလား။

"ငါပြောတာ ကြားလား"

သူက ခေါင်းသာညိတ်၏။မျက်နှာကတော့ ခုနလို သိပ်မသာယာချင် ။ပျိုး သူ့ကို ကြယ်သီးတပ်ပေးပြီးမှ ခေါင်းဖြီးရသည်။

မင်းညီလာမောင်ကတော့ မှန်တင်ခုံကို ခပ်မှီမှီ ရပ်ကာ ရှပ်အင်္ကျီ အဖြူနှင့်အပြာစင်း လက်ရှည်ကို သပ်ရပ်စွာဝတ်ဆင်ထားပြီး ခေါင်းဖြီးနေတဲ့ ပျိုးကို ဘေးကနေကြည့်ရင်း ...

"မင်းက ယောကျ်ားဖြစ်ပြီး တအားလှတာပဲ "

ကိုယ့်ငါးချဥ်မို့ ကိုယ်ချဥ်တာမဟုတ် ပျိုးဥယျာဥ်ဆိုတဲ့ လူက ဘယ်ရှူထောင့်က ဘယ်လိုကြည့်ကြည့် ကြည့်လို့ဝတယ်လို့ရယ် ကိုမရှိ။ယောကျ်ားတစ်ယောက်က ဒီလောက်ထိ လှစရာလိုလို့လား။

ပျိုး Cream ဘူးကိုပိတ်ကာ သူ့နေရာမှာသူပြန်ထားလိုက်ပြီးမှ သူ့ကို ကြည့်သည်။

"အပိုတွေမပြောနဲ့... လာခဲ့ "

ပျိုးလဲ သူလုပ်ပေးခိုင်းသမျှတွေကို နေသားကျနေပြီထင်ပါရဲ့။အခုလဲ သူ့ရဲ့ဆံပင်ကိုလိမ်းနေကျဖြစ်သည့် အဆီပုလင်း ယူပြီး ဘီးကို ကိုင်ကာသူ့အရင် ခုတင်အစွန်းမှာ သွားထိုင်လိုက်သည်။

မင်းညီလာမောင်က နောက်မှလိုက်လာပြီး ပျိုးရှိရာ ​ခုတင်အောက်ဘက်ကြမ်းပြင်ပေါ်မှာ ထိုင်ချကာ ခေါင်းကိုအနည်းငယ်မော့ပေးသည်။

A year of love(U/Z)Onde histórias criam vida. Descubra agora