မမြင်ချင်လဲ မြင်ရ မတွေ့ချင်ပါဘူး ဆိုလဲ ပျိုး သူ့မျက်နှာကို ဒီရက်ထဲ တဘွားဘွားကိုတွေ့နေရတာ စိတ်ကမချမ်းသာစရာ။မင်္ဂလာ ပွဲအတွက် ဝတ်စုံကို အလုပ်တစ်ဖက်နဲ့ မို့ မအားလို့ ကိုယ်တိုင်းယူပြီး သူ့ ဟာသူ သွားဆိုတော့လဲ မဟုတ် ။ အိမ်ကို မိုးလင်းကတည်းက ရောက်ချလာသည်။
သူလာခေါ်တာမို့ ကိုယ့်ကားနဲ့ကိုယ်သွားပြန်ရင်လည်း မေမေ ကရှိနေတာမို့မကောင်းတတ်တာနဲ့ မတတ်သာအဆုံး သူ့ကားနဲ့ပဲလိုက်
လာရသည်။သူ့ကားက Sports ကား အနက်ရွှဲရွှဲနစ်နစ် ဖြစ်ပြီး စျေးလဲ တော်ရုံ သူဋ္ဌေးတွေလောက် မကပ်နိုင်တဲ့ ကားမျိုးဖြစ်သည်။အင်းပေါ့ ဦးဆက်နေမောင်လို High bossရဲ့သားပဲ ဒီလောက်တော့ ရှိမှာပေါ့ ဒါပေမယ့် ပျိုးကတော့ သူ့လိုကောင်ကို တစ်ကိုယ်လုံး စိန်ကွပ်ထားရင်တောင် နည်းနည်းမှ အထင်ကြီးမိမှာမဟုတ်။မိဘက ဘယ်လောက်ချမ်းသာ ချမ်းသာ ဒီအရွယ်ထိရောက်နေပြီ ကိုယ့်မိဘကလည်း အသက်အရွယ် ရလာပြီဆို နားခိုင်းပြီး ကိုယ်က ဝင်လေ့လာသင့်တာလေ့လာ၊ ဦးဆောင်သင့်တာ ဦးဆောင်သင့်နေပြီပဲ။သူကတော့ အဲ့လိုမဟုတ် ကြားရတာတော့ သူသွားနေကျနေရာက Clubတွေbarတွေနဲ့ သူ့သူငယ်ချင်း Gameဆိုင်မှာပဲ အချိန်ကုန်နေတတ်သည်တဲ့။
ပျိုး အိမ်ကထွက်လာတည်းက နာရီဝက်လောက်ရှိသည်အထိ စကားတစ်ခွန်းမျှမပြောဘဲ
တစ်ရိပ်ရိပ် ရွေ့လျားကျန်ရစ်တဲ့ လမ်းဘေးဝဲယာကိုသာကြည့်ရင်းလိုက်လာခဲ့သည်။မောင်းသူနေရာက လူကိုလဲမကြည့်။သူကတော့ ကားမောင်းနေရင်း ပျိုးကို တစ်ချက် 'တစ်ချက် သူ့ရဲ့နေကာ အနက် မျက်မှန်အောက်က ကြည့်နေတာကို ပျိုးသိသည်။ပျိုး ဒီကအပြန်ရုံးကိုသွားရမှာဖြစ်တာကြောင့် Shirt အဖြူ နီညိုပေါ်မှာ အဖြူစောင်းဖြတ်ပါသည့် နက်ကတိုင် နှင့် Style Pant နီညိုရောင် ကိုသာ ခပ်ရှင်းရှင်းဝတ်လာခဲ့သည်။
မင်းညီလာမောင်ကတော့ ရှပ်အင်္ကျီ အနက်လက်ရှည်ကို ရင်ဘတ်ကြယ်သီးဟကာ တံတောင်ဆစ်နားထိခေါက်တင်ပြီး jean Pant ခြေရှည်ကို Dior ခါးပတ်အနက်ဖြင့်ဝတ်ဆင်ထားသည်။လည်သာကြိုးအနက် နာရီဝတ်ဆင်ထားတဲ့ ဘယ်ဘက်လက်ကတော့ ကားပြတင်းဘောင်ကို တင်ထားသည်။ဆံပင်ကိုနောက်မှာ စုချည်ထားကာ မျက်နှာပေါ်မှာ အနည်းငယ်သာချထားသည်။
JE LEEST
A year of love(U/Z)