Part-31

24.9K 1.1K 92
                                    


မင်းညီလာမောင် ဆေးရုံမှာနေရတာ တစ်ပတ်ကျော်ပြီမို့ ဒဏ်ရာကလည်း ကောင်းသလောက်ရှိနေပြီဖြစ်၏။
ပျိုး ခွံနေသည့် အသီးအရွက် နှင့်လိုအပ်သည့်အသားဓာတ်မျှတသော စွတ်ပြုတ်ကိုသောက်ရင်း...

"မင်းCEO အသစ်ခန့်လိုက်ပြီးရင် ဒီကာလလေးကိုအိမ်မှာပဲနေရမယ်နော် ကလေးထိခိုက်မှာ မောင်မလိုလားဘူး"

မောင့် အသံကနူးညံ့ပါသည်။သို့သော် သြဇာလွှမ်းမိုးလိုသောဟန် ရောစွတ်နေမှန်း ပျိုးသိသည်။

မောင် ကလေးကိုထိခိုက်မှာမလိုချင်သလို ပျိုးကလည်း သူ့နည်းတူပါပဲ။
ဒါပေမယ့်CEO အသစ်ခန့်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူဘူးလေ။
နောက်ထပ် ပျိုးက တော်ရုံကိစ္စတွေမှသာ CEO ဘက်လွဲဲပြီး ကိုယ်တိုင်ကိုယ်ကျ လုပ်မှစိတ်ကျေနပ် တတ်တဲ့လူမျိုး။
ခုလို မလွှဲသာတဲ့ အခြေအနေကြောင့်သာ နောက်ပိုင်း မလိုအပ်တဲ့ လူစိတ်ဝင်စားမှုတွေ မလိုချင်တာကြောင့် အိမ်မှာနေရမှာ ဒါကို သူကခုကတည်းက အိမ်မှာနေစေချင်ပြီ။

ပျိုး သူ့ကိုမျက်မှောင်ခပ်ကြုတ်ကြုတ်ဖြင့် ကြည့်လိုက်ပြီး စွတ်ပြုတ်ပန်းကန်လုံးကို ဇွန်းဖြင့်မွှေနောက်ရင်း....

"စိတ်ပူတယ်ဆိုတာသိပေမယ့် ၅ လလောက်ထိတော့ အလုပ်လုပ်ချင်သေးတယ်လေ ခုကျန်တဲ့ ၃ လလောက်မှာ စီစဥ်စရာရှိတာ အကုန်နီးပါး..."

"မရဘူး!"

သူ့လေသံက တိကျပြတ်သားစွာ။ခက်ပါတယ် ရုပ်ကပြောလို့ရမယ့် ရုပ်လည်း မဟုတ်။ဒါကြောင့်မို့ ပျိုးသူ့ကို ထိုကိစ္စဘာမှ ဆက်မပြောတော့ဘဲ စွတ်ပြုတ်ကိုသာ ဇွန်းဖြင့် ခပ်ပြီး အပူငွေ့မှုတ်ကာ သူ့ နှုတ်ခမ်းနားဆီသို့ ပို့ပေးသည်။သူက မျက်နှာမှုန်ကုတ်ကုတ်လုပ်ပြီး နှုတ်ခမ်းတွေကို မဖွင့်

"ပါးစပ်မဟတော့ ငါကနှာခေါင်းပေါက်ထဲလောင်းထည့်ရမှာလား"

ပျိုးအလိုကိုမလိုက်ဘဲ ဇွတ်တရွတ်အမိန့်ဆန်စွာ ပြောထားသည်မို့ မောင့်ကိုသိပ်အလိုမကျချင်တာကြောင့် ခပ်ရွဲ့ရွဲ့လေး ပြောလိုက်တော့
မောင်က မျက်နှာက ခပ်စူစူဖြင့် လိုချင်တာမရမက ပူဆာတော့မည့် ကလေးတစ်ယောက်နှယ် ချက်ချင်းပြောင်းလိုက်ကာ...

A year of love(U/Z)Where stories live. Discover now