Part-29

23.2K 1.2K 77
                                    


"သားနောင်...မင်း စင်္ကါပူကို ခဏခဏသွားတာ ကိစ္စရှိလို့လား "

နောင်နောင် နှုတ်ခမ်းနားရောက်ခါနီးသည့် ထမင်းလုတ်ကို ရပ်တန့်လိုက်ကာ စားပွဲထိပ်ခုံမှာရှိနေတဲ့ လေးလေးကို ကြည့်လိုက်သည်။

"အလုပ်ကိစ္စပါလေးလေး တခြားကိစ္စတော့မရှိပါဘူး"

လေးလေးက ခေါင်းညိတ်လိုက်ပြီး ညစာကိုသာဆက်စားပေမယ့် အန်တီခင်ကတော့ နောင်နောင့်ရဲ့ မငြိမ်သက်သောမျက်ဝန်းတို့ဖြင့်ဖြေသော အဖြေကို မသင်္ကါစွာ...

"မဟုတ်ဘူး နောင်နောင်အခုတလောထူးဆန်းနေတယ်နော်။ အလှူတွေလည်း ခဏခဏ လုပ်နေတာ"

နောင်နောင်အခုတစ်လော အလုပ်ကိစ္စကိုမလစ်ဟင်းအောင်လုပ်ပေမယ့် ရရင် ရတဲ့အချိန်ကို မျက်မမြင်ကျောင်း၊မိဘမဲ့ကျောင်း၊ ဘိုးဘွားရိပ်သာ နဲ့ လိုအပ်သည့်လူတွေကို လှူတန်းဖြစ်နေတာကို အန်တီခင်ကသိသည်။

"ကျွန်တော် လှူတန်းချင်စိတ်လေးတွေဖြစ်လို့ပါ အန်တီခင် တခြားအကြောင်းမရှိပါဘူး"

"အင်းလေ... အလှူအတန်းလုပ်တာကောင်းပါတယ်၊ နောက်ခါအန်တီ့ကိုလည်း ခေါ်ပေါ့ ။ ညီလေးနဲ့ရော တွေ့ဖြစ်ရဲ့လား"

"သူနဲ့တော့ မတွေ့ဖြစ်ဘူး ၊ကျန်ခဲ့တဲ့ရက်တုန်းက ဥယျာဥ်ပြောတာတော့ ချောင်းသာကို အလုပ်ကိစ္စနဲ့သွားတယ်တဲ့"

"သြော်...ဒါနဲ့ သားမှာ ရည်းစားသနာရှိလား"

ရုတ်တရက် ဘာလို့မေးမှန်းနောင်နောင်မသိပါချေ။

"ဗျာ...မရှိပါဘူးအန်တီ"

ထိုအခါ လေးလေးနဲ့ အန်တီက အဓိပ္ပါယ် ရှိစွာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးမှ လေးလေးက ခေါင်းညိတ်ပြသည်။ပြီးတော့မှ အန်တီခင်က နောင်နောင့်ကို အိန္ဒြေရှိသော အပြုံးဖြင့်...

"သားအသက်က မငယ်တော့ဘူးလေ နောင်လေးရဲ့ သုံးဆယ်နားကပ်နေတော့ အိမ်ထောင်ပြုသင့်ပြီ၊သားမှာ စိတ်တိုင်းကျရွေးထားတဲ့လူမရှိဘူးဆိုရင် အန်တီတို့ မိတ်ဆွေရဲ့သမီးလေးနဲ့ နီးစပ်စေချင်တယ် သားနောင်ဘယ်လိုသဘောရလဲ"

A year of love(U/Z)Wo Geschichten leben. Entdecke jetzt