Part - 9

21.6K 1.2K 47
                                    

<<<<

မင်းညီလာမောင် ကားကို အရှိန်အမြင့်ဆုံးတင်မောင်းနေမိသည်။ကိုယ့်ကားရှေ့မှာ ကားဟွန်းတီးရမယ့် အကြောင်းအရာမရှိပါဘဲ လက်ဖနောင့်နှင့် တပွမ်ပွမ် ထုနေမိတာ လက်ဖနောင့်တွေပင် ရဲတွတ်နေလေပြီ။

ဒေါသစိတ်ဖြင့်အံကိုတင်းစွာကြိတ်ထားတာကြောင့် မေးရိုးထင်းထင်း တွေက လှုပ်ခတ်နေကာ လည်စိချွန်ချွန်ကလဲ အပေါ်အောက် ရုန်းရင်းဆန်ခတ်ဖြစ်နေပြီး လည်ပင်းကြောကြီးတွေ ထောင်မတ်ပေါ်လွင်နေသည်။မျက်ခုံးတန်းနက်နက်တွေကိုလည်းစုကျုံ့ထားကာ ထိုမျက်ခုံးတန်းအောက်မှ မျက်ဝန်းညိုညိုတို့ကလဲ စူးရဲပေါက်ထွက်မတတ်။

ကိုယ်နဲ့ ပတ်သက်ခဲ့တဲ့ကောင် ၊အပေးအယူမျှမျှနဲ့ ပတ်သက်နေဆဲကောင်တွေကို မျက်စိရှေ့မှာ တခြားကောင်တွေနဲ့ မြင်မကောင်းအောင်ဖြစ်ပျက်နေတဲ့မြင်ကွင်းမျိုးက မင်းညီလာ ခဏ ခဏကို မြင်ဖူးတယ်၊ကြုံဖူးတယ် ဘာလို့ဒီတစ်ကြိမ်မှ ဒီစောက်ရေးမပါတာလောက်လေးကို ဒီဒေါသတွေ ကဘယ်နေရာကနေ ထွက်လာရတာလဲ ။

ပျိုးဥယျာဥ် ခင်ဗျားပြောတဲ့နေချင်သလို နေမယ်ဆိုတာ ဒါမျိုးလား !ဟမ်...ခင်ဗျားကဒီလိုမျိုးနေချင်တာလား။အဲ့မိန်းကလေးက ခင်ဗျားအတွက် သိပ်ကိုအရေးပါနေတာလား ခင်ဗျားသိပ်ကိုချစ်နေသလား။

ဒီကကောင်ကတော့ သူ့ရဲ့ Wallet ကို အရေးတယူလုပ်ပြီး တကူးတကတွေ သွားပေးမိတာ။

မင်းညီလာမောင်... မင်းကိုက
စောက်ပိုတွေ လုပ်နေမိတာ။
။ဘယ်သူ ဘာဖြစ်ဖြစ် ဂရုမစိုက် စိတ်မဝင်စားတတ်တဲ့အကျင့်တွေက ဘယ်ရောက်ကုန်တာလဲ။အဲ့ ပုံတုံးတုံးလူနဲ့ ကိုယ့်ကိုဆိုလူလို့ကိုမထင်တဲ့လူကိုမှ ဘာလို့ စောက်ရေးတယူတွေ လုပ်ချင်နေရသလဲ။ကိုယ့်ဆီက စိတ်ဝင်စားမှုကို ဘယ်လိုနည်းနဲ့ရရ လိုချင်နေတဲ့ကောင်တွေ ရိုက်သတ်လို့မကုန်တဲ့အထဲမှာမှ
ကိုယ်နဲ့အသားချင်းထိမိရင် နွားနို့နဲ့တောင် ဆေးပစ်ပါမယ်ဆိုတဲ့လူကိုမှလေ...တောက်!။

ကားက ဘယ်ကို ဦးတည်ပြီး မောင်းလာခဲ့မိမှန်းလဲ မသိ၊ရောက်နေတာကတော့ မြို့ပြင်ဘက် ကားအသွားအလာ ရှင်းသည့်လမ်းမပေါ်မှာ။
မင်းညီလာမောင် ကားကို ကျွီ !ကနဲ စောင့်ရပ်လိုက်ကာ ကားပေါ်မှ ဆင်းပြီး ကားရဲ့ Body ကို သူ့ရဲ့ခြေတံရှည်ရှည်ဖြင့် ကန် ပြီး လက်ခုံအရေပြားတွေထဲမှ အရိုးအဆစ်တွေ
ပေါက်ထွက်မတတ် လက်သီးကို ကျစ်နေအောင်ဆုပ်ပြီး ကားBody ဆီကို တ' ဘုန်း ဘုန်း' အဆက်မပြက်ပစ်သွင်းနေမိသည်။

A year of love(U/Z)Where stories live. Discover now