ပျိုး ခါးကို တွယ်နှောင်ထားသော သူ့ရဲ့လက်တွေ၊ငုံ့ကိုင်းပြီး ပျိုးရဲ့ ပခုံးပေါ်မှာတင်အပ်ထားတဲ့ သူ့ရဲ့ မေးဖျား၊ ကျောမှတဆင့် သိရှိခံစားနေရတဲ့ သူ့ရဲ့ နှလုံးခုန်နှုန်းတွေနှင့် ရှေ့ကမှန်မှ တစ်ဆင့် ပျိုးရဲ့မျက်ဝန်းအိမ်ထဲမှာတစ်ခုခုရှိနေသည့်အလား စူးစိုက်စွာ ဆွဲငင်စွာ ကြည့်နေတဲ့ သူ့ရဲ့မျက်ဝန်းညိုညိုတွေကြောင့် ပျိုးရဲ့ ရင်ခုန်သံတွေ မြန်ဆန်သည်ထက်ကို ပို၍ ပို၍မြန်ဆန်လွန်းလာတာကြောင့် သူ့မျက်ဝန်းတွေကိုရှောင်လွှဲပစ်လိုက်ပါသည်။မင်းညီလာမောင် ဆိုတဲ့ ဒီယောက်ျားကို ပျိုး မမုန်းပေမယ့်၊မရွံပေမယ့် သူနဲ့လဲ ရည်ငံမသွားချင်ပါဘူး၊ သူ့ခံစားချက်တွေကိုလဲ ပျိုးအသိအမှတ်မပြုပေးနိုင်ဘူး လိင်တူချစ်ခြင်းမေတ္တာဆိုတာကို ပျိုးလက်ခံနိုင်လာခဲ့ရင်တောင် သူနဲ့ကတော့...ဟင့်အင်း ပျိုးဘယ်လိုမှကို တွေးမကြည့်နိုင်ဘူး၊၊ ပျိုးကGayတစ်ယောက်မဟုတ်ဘူး။
သူ့ခေါင်းက ပျိုးပခုံးပေါ်မှာမို့ သူ့ရဲ့ ဝင်သက်ထွက်သက်တိုင်းကို ပျိုးခံစားနေရ၏။'ဒီအတိုင်းငြိမ်နေပေးပါတဲ့ ' သူ့ဘက်ကတောင်းဆိုမှုကြောင့် အခုလို ပျိုးငြိမ်သက်ပေးနေမိတာလား ၊ကိုယ်တိုင်ကပဲ မရုန်းဖယ်ဘဲ သူ့ရင်ခုန်ခြင်းတွေဆီမှာ နစ်ဝင်နေမိတာလား ပျိုး မသိပါ။
သူဘာတွေတွေးနေတာလဲ ။ပျိုး ဒီတိတ်ဆိတ်နေတဲ့အခြေအနေကြီးကို မနေဝံ့တော့တာကြောင့်...
"ဟို...မနေ့ညကကိစ္စ ငါမင်းကို ကျေးဇူးတင်ပါတယ် တကယ်ပါ၊အကယ်၍.... "
"မပြောပါနဲ့ ဒီအချိန်မှာဘာစကားကိုမှမပြောပါနဲ့ အထူးသဖြင့်အဲ့ဒီ 'ကျေးဇူးတင်တဲ့ 'ဆိုတဲ့ စကား"
ကျေးဇူးတင် ခံချင်လို့လုပ်ပေးခဲ့တာလဲမဟုတ်သလို အကောင်းမြင်ပါစေတော့ဆိုတဲ့စိတ်နဲ့လဲ ကူညီလာဘ်ထိုးခဲ့ခြင်းမဟုတ်လို့ အဲ့ဒီ 'ကျေးဇူး'ကိုမလိုချင်ပါ။
ပြီးတော့ ဒီလိုထိတွေ့မှုရနေခွင့် အချိန်လေးမှာ ဘာစကားတစ်ခွန်းမှ ကြားဝင်မခံဘဲ နစ်မြော၍နေချင်မိပါတယ်။ပျိုး ဘေးမှာကပ်ထားတဲ့ လက်နှစ်ဖက်က ဝတ်ထားတဲ့ ဘောင်းဘီစကိုသာဆုတ်ကိုင်ထားမိရင်း သူ့ရင်ခွင်ထဲက ရုန်းထွက်ပစ်လိုက်ရမလား ဒါမှမဟုတ် ဒီအတိုင်းသူ့စိတ်တိုင်းကျဆက်ငြိမ်နေပေးရမလား စိတ်ထဲမှာ ရှုပ်လာသည်။ဒါပေမယ့် ဒီအခြေအနေကို သဘောကျလှတယ်မဟုတ်ပေမယ့် ပျိုး ဆိုးဆိုးရွားရွားလဲခံစားမနေရပါဘူး။
YOU ARE READING
A year of love(U/Z)