Final

25.2K 1K 90
                                    


Part-39....

"ပါ...ပါး"

ပျိုး Macbook Keyboard ကိုအသုံးပြုနေသည့်လက်အား ခိုကာ မတ်တတ်ရပ်ပြီး  သားစိတ်ရလာမှ တစ်ခွန်းစနှစ်စ ခေါ်တတ်သော 'ပါပါး' ဆိုသောစကားလေးကြောင့် ရင်ထဲနွေးထွေးရပြန်၏။

ပျိုး Macbook ကိုပိတ်လိုက်ပြီး သားကိုကြည့်ကာ...

"သား မဆော့တော့ဘူးလား ပါပါးအလုပ်လုပ်နေတာလေ သားရဲ့"

သားက ပျိုးရင်ခွင်ထဲကို ဝင်ထိုင်တော့ ပျိုးသားကိုပိုက်ပြီး သားခေါင်းလေးကို နမ်းရှိုက်လိုက်၏။
ပြီးတော့ ပျိုး နာရီကိုကြည့်လိုက်သည်။
နေ့လယ်ဆယ်နာရီလေးဆယ့်ငါးမိနစ်။

မောင်ပြန်ရောက်တော့မှာ။မနေ့ညကမောင်ပြောသည့်လေယာဥ်ချိန်နှင့်ဆို မောင်ပြန်ရောက်ခါနီးပြီ။ဒါကြောင့်ပင် ပျိုး စစ်နေသည့်ဘတ်ဂျက်စာရင်းကိုခဏ ရပ်ပြီး သားကိုချီကာ အောက်သို့ဆင်းလာခဲ့သည်။

မောင်က ဟင်းတွေထမင်းတွေကိုပူပူလောလောမကြိုက် အေးအေးကြီးကိုလည်းမကြိုက်ဘဲ နွေးနွေးကလေးသာကြိုက်တာမို့ ဒီအချိန်လောက်လုပ်ထားမှ တော်ရာကျမည်။

အရွက်သုပ် ကတော့ ကြိုသုပ်ထားလျှင်တော့ မြေပဲထဲ ဆီစိမ့်ပြီးသိပ်စားမကောင်းတတ်တာကြောင့်  စားခါနီးမှ သုတ်ရမှာပေါ့လေ လိုအပ်သည်တို့ကိုတော့ ပြင်ဆင်ထားပြီးသားဖြစ်သည်။

ပျိုး မနက်ကတည်းက မိတုတ်ကိုကလေးခဏထိန်းခိုင်းပြီး ကိုယ်တိုင် ကိုယ်ကျမီးဖိုချောင်ဝင်ကာ ပြန်ခရီးမှာဘာမှမစားတတ်သည့်မောင့်အတွက် မောင်ကြိုက်သည့် ပုဇွန်ချဥ်စပ်၊ဆလပ်ရွက်သုပ် အပါအဝင် ဖွယ်ဖွယ်ရာရာ နှင့်ထမင်းမြိန်စေမည့် ဟင်းလျာများကိုချက်ပြုတ်ထားသည်။

ဒါကြောင့် မောင်ပြန်လာတာနဲ့ ထမင်းစားလို့ရအောင် ထမင်းဝိုင်းအသင့်ပြင်ထားပေးချင်တာကြောင့် မေမေနှင့် မိတုတ် ဧည့်ခန်းထဲမှာ ပန်းပင်စိုက်ပျိုးရေးစာအုပ်ကိုကြည့်နေကြတာကို ပျိုးအနှောင့်အယှက်ပေးရတော့မည်။

"မေမေ သားကိုခဏကြည့်ထားပေးပါဦး၊ကျွန်တော်ထမင်းဝိုင်းပြင်ချင်လို့"

A year of love(U/Z)Where stories live. Discover now