Part-38(Zawgyi)

5.3K 103 4
                                    

ပျိုးသားကို ဈေးဝယ်တွန်းလှည်းမှာပါသည့် ကလေးထိုင်သည့်နေရာမှာ ထည့်ထားပြီး shopping mallတွင် ဘာရယ်မဟုတ် အိမ်မှာ အနည်းငယ် အားနေတာနဲ့ သားကိုလည်းအိမ်ထဲမှာချည်း မထားချင်တာကြောင့် သားနှင့်အတူ ဈေးဝယ်ထွက်ဖြစ်သည်။

!ဒုန်း!

ထို အသံထွက်လာသည်နှင့် ပျိုး ဘေးကပစ္စည်းတွေကိုကြည့်နေရာမှ ..

"Sorry ပါဗျ"

"တောင်းပန်ပါတယ်ရှင့်"

နှစ်ယောက်အတူတိုက်မိသည့်အတွက် နှစ်ယောက်လုံး အလျင်အမြန်တောင်းပန်စကားပြောပြီးမှ တစ်ယောက်ကိုယ်တစ်ယောက်ကြည့်မိလိုက်၏

"ကိုပျိုးဥယျာဉ်"

ထိုမိန်းကလေးက ခပ်ဖြည်းဖြည်းဖွဖွဖြင့် ပျိုးနာမည်ကိုခေါ်ကာ စတစ်ကော်လံပါ အင်္ကျီလက်ရှည် အပြာဖျော့လွင်လွင်နှင့် Jean Pantအပြာကိုတွဲဝတ်ထားသော ပျိုးအားမျက်လုံးဖြင့် ဓာတ်ပုံရိုက်နေသကဲ့သို့ပင် စိုက်ကြည့်သည်။

ထိုမိန်းကလေးသည်လည်း ပျိုးကဲ့သို့ကလေးတစ်ယောက်ထည့်တွန်းလာသောဈေးဝယ်တွန်းလှည်းခြင်းနှင့် ဆံပင်ရှည်ဖြောင့်ဖြောင့်တွေကို ခပ်မြင့်မြင့်စည်းနှောင်ထားသောကြောင့် မျက်နှာမှာရှင်းလင်းနေ၏

"ချော!"

ချောမဒီ ပျိုးရဲ့သားကို ကြည့်ကာ လှလှပပ ပြုံးလိုက်သည်။ထိုအပြုံးက ကြည်လင်လွန်း၏။
ဘယ်လောက်ထိကြည်လင်သလဲဆို ထွင်းပေါက်ကြည့်နိုင်မည်သာဆိုလျှင် တစ်ချိန်က
ဒီမိန်းကလေး ပျိုးဥယျာဉ်ဆိုတဲ့ ယောက်ျားတစ်ယောက်ကြောင့် ဘယ်လောက်ငိုကြွေးခဲ့ရသလဲမြင်နိုင်တဲ့ထိပါပဲ။

တစ်ခါတစ်လေ ငိုကြွေးခြင်းရဲ့နောက်မှာကပ်ပါလာတတ်တဲ့ အပြုံးတွေကပိုလှတတ်သည်မဟုတ်လား။

ပျိုးလည်း သူမကလေးကိုကြည့်လိုက်တော့ သား
ယောက်ျားလေးပင်။ အရွယ်ကတော့ သားထက်နည်းနည်းငယ်လိမ့်မည်။

ချောမဒီက သားကိုအသေအချာလေးကြည့်မှ ပျိုးမျက်နှာကို ခပ်အေးအေးငြိမ်ငြိမ်အပြုံးဖြင့် ကြည့်လျက်

"ဈေးဝယ်လာတာလား"

"အင်း... "

ပျိုး သူမကိုပြောစရာစကားရှာမတွေ့ပါ။
ဘာစိတ်ကြောင့်ရယ်မှမဟုတ် ပျိုး သူမအပေါ်မှာ ပြတ်သားသည့်အချိန်က နောက်ကျခဲ့သည်မဟုတ်လား။
မရေရာတဲ့ ကိုယ့်စိတ်ကြောင့်အများကြီး ပင်ပန်းစေခဲ့တာ။သူမကိုယ်တိုင်ဖိတ်တဲ့ သူမလက်ထပ်ပွဲကိုတောင် ပျိုးမသွားခဲ့ဘူးလေ။

A year of love(U/Z)Tempat cerita menjadi hidup. Temukan sekarang