ပျိုး ဒီနေ့ အိမ်ပြန်ရောက်သည့်အချိန်က ည၈ နာရီခွဲပင်ကျော်နေပြီဖြစ်သည်။အရင်နေ့ တွေထက်နောက်ကျသည်ဟု ပြော၍ရသည်။
ပရောဂျက် အသစ်ကလည်းစနေတာမို့ အလုပ်က ဒီရက်ထဲ အတော်လေးမအားဖြစ်နေသလို ကိုယ့်ဘာသာအချိန်ကိုလုနေရသည်အထိ။အိမ်ပြန်ရောက်တော့မေမေက' ညစာ မစားရသေးဘဲ စောင့်နေတယ်' ဆိုတာနဲ့ တစ်ခါထဲ ရေတန်းချိုးပြီး ညဘက် ပျိုး ဝတ်နေကျဖြစ်သည့် Gucci pajamas အပြာနုနုလက်တို နှင့်ဘောင်းဘီရှည်ကို ဝတ်ဆင်ကာ ထမင်းစားခန်းဆီတန်းကာ ဆင်းလာခဲ့ရသည်။
ပျိုးက ကြီးကျယ်တာမျိုးရယ်လို့မဟုတ်ပေမယ့် Brand စွဲရှိသည်ဟု ပြော၍ရသည်။ပျိုး ဝတ်တဲ့အဝတ်အစားနဲ့ အသုံးအဆောင်၊ နာရီ ၊Wallet၊ ဖိနပ်က အစ Gucci brandတစ်မျိုးတည်းကိုသာ အသုံးများသည်။Gucci မဟုတ်ရင် မဝတ်တတ် မသုံးတတ်မဟုတ်ပေမယ့် တော်တော်များများက Gucci brandကသာ ဖြစ်သည်။
ဒါကြောင့် စီးပွားရေး ပါတနာတွေကလည်း ပျိုးကိုလက်ဆောင်ပေးလျှင် ပျိုးအကြိုက်ကိုသိသူတွေက တော့Gucci brandထဲကသာပေးတတ်ကြသည်။ပျိုးကတော်ရုံလက်ဆောင်တွေကို လက်မခံတတ်ပဲ မဖြစ်မနေ အတင်းတွေပေးမှ အားနာနာနဲ့ယူတတ်သူဖြစ်သည်။
ဒီနေ့ည ပျိုး ဝတ်ထားသည့် Pajamas အပြာနုရောင် လွှလွှလေးက သူ၏ အသားရေကြည်ကြည်လင်းလင်းကို ပိုမိုပေါ်လွင်နေစေ၏။
ပျိုးထမင်းစားခန်းဆီရောက်တော့ မေမေက စားပွဲမှာ အသင့်စောင့်နေပြီဖြစ်သည်။ပျိုးလဲ မေမေ့နားက ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်း...
"ဒီနေ့ သားကို ထမင်းစားမစောင့်ပါနဲ့လို့ ပြောခဲ့တာကို မေမေရယ် ဒီရက်တွေထဲ အလုပ်တွေအရမ်းများနေတာ "
"မေမေမှ တစ်ယောက်တည်းမစားချင်တာသားရဲ့ သားမရှိဘဲ ညစာ စားမဝင်ဘူး နေ့လယ်ကျ မိတုတ်ရှိတော့ သူနဲ့အဖော်ရသေးတယ်"
အင်းပေါ့ မေမေ က တစ်ယောက်တည်းမှ မစားတတ်တာ ။အဲ့ဒါကြောင့် ပျိုးကလည်း အပြင်မှာ ညစာစားဖြစ်တာရှားသည်။မေမေနဲ့ပဲ ညစာကိုအမြဲစားဖြစ်သည်။ချောနဲ့Dateဖြစ်လို့ ညစာ စားဖြစ်တာမျိုးတို့ အလုပ်က ဧည့်သည်တွေ ပါတနာတွေနဲ့ Dinner စားရမျိုး ရှိရင်တောင် အိမ်ပြန်ရောက်ရင် နည်းနည်းဖြစ်ဖြစ်စားရသည် မေမေ့ကိုအဖော်လုပ်ရင်းပေါ့။
YOU ARE READING
A year of love(U/Z)