ဒီနေ့ မိတုတ်ကကိစ္စရှိလို့မလာ၊ဦးဝင်းကလဲ ခြံထဲမှာပဲ အလုပ်လုပ်ဆိုတော့ နေသိပ်မကောင်းတဲ့ မေမေ့အတွက်က ပျိုး ရှိနေမှအဆင်ပြေမှာမို့ ဒီနေ့အဖို့ရုံးမသွားဖို့ကိုဘဲ ဆုံးဖြတ်လိုက်ရသည်။နံနက်စာကိုတော့ ဦးဝင်းနဲ့မေမေ့အတွက်စွပ်ပြုတ်လုပ်ပေးပြီး ပျိုးကတော့ ကော်ဖီနဲ့ကွတ်ကီးကိုသာ စားထားသည်။ဟိုတစ်ယောက်ကတော့ အခု ပျိုး နေ့လယ်စာချက်ပြုတ်ပြင်ဆင်တဲ့ထိကို နိုးမလာသေးပါ။
နိုးမလာတာလဲ ကောင်းပါတယ်။မဟုတ်လို့ သူအစောကြီးနိုးရင် အလုပ်တွေလဲပိုရှုပ်၊စကားအပိုတွေလဲ အရမ်းပြောရတာ ။ ဥပမာ ရှပ်အင်္ကျီ ကြယ်သီးတပ်ခိုင်းတာ၊သူ့ဆံပင်ရှည်တွေကို ဖြီးသင်ပြီး ချည်ခိုင်းတာ စကားတွေလိုက်ပြောပြီး မခံသိမခံသာ စ တာ။အို..နောက်ထပ် နောက်ထပ် အများကြီးပါပဲ။ပျိုး မီးဖိုခန်းမှာအေပရွန်ဝတ်ပြီး နေ့လယ်စာဟင်းချက်ရန်အတွက် brander ပျက်နေတာကို အသစ်ဝယ်ဖို့မေ့နေသည်မို့ ငရုတ်သီးကို လက်ဖြင့်ထောင်းနေစဥ်...
"ရုံးမသွားဘူးလား"
ကိုယ်တော်ချောက အသက်ရှည်ဦးမယ်။
ပျိုး နောက်သို့ခေါင်းလှည့် ကြည့်လိုက်သည်။ရေချိုးလာတဲ့ပုံစံပေမယ့် ပခုံးအောက်နားလောက်နီးနီး ရောက်ဖြစ်နေတဲ့ဆံပင်တွေကတော့ စည်းနှောင်မထားတာမို့ ဒီတိုင်းကျနေသည်။ ကော်လံနဲ့ ရင်ဘတ်ဇစ်ပါသော Sweet Shirt ခဲရောင်နဲ့ ဘောင်းဘီခပ်ပွပွအရှည်ကို သူ့အရပ်ရှည်ရှည် ၊ ပိန်လှီနေတာမဟုတ် ထွားကျိုင်းနေတာမျိုးလဲမဟုတ်တဲ့ ကျစ်လစ်နေသော ခန္ဓာကိုယ်နဲ့ ပေါ့ပေါ့ပါးပါး ဝတ်ထားတဲ့ပုံစံက ကြည့်ကောင်းနေတာတော့ အမှန်ပါ။
"ရုံးမသွားလို့ ဟင်းချက်နေတာပေါ့"
ပျိုး သူ့ကိုကျောခိုင်းလိုက်ပြီး ထောင်းလက်စငရုတ်သီးကိုသာပြန်ထောင်းသည်။
ပျိုးဥယျာဥ် ကတော့ နည်းနည်းမှ မတွန့်လိုက်ရရင် သူကစကားမပြောတတ်တာ သူ့Styleထင်တယ်။မသွားဘူးဆို မသွားဘူးပေါ့ ပြီးနေတာကို။'ထမင်းစားပြီးပြီလား' မေးတာကို 'စားပြီးပြီ' မဖြေဘဲ 'ကြက်သားဟင်းနဲ့စားတယ်'ဆိုပြီး ဖြေတဲ့လူမျိုး။
أنت تقرأ
A year of love(U/Z)