"ဒီပါလေးရေ...မြေးသေးသေးရေ... ရယ်ပါဦး...အို့အို...ဘွားဘွားကို ပါးချိုင့်လေးတွေပေါ်အောင်ရယ်ပြပါဦး"မေမေက သားမှာ ပါးချိုင့်လေးတွေပါတာကို သဘောကျ၍ သားကို အချိန်တိုင်းကိုပြုံးနေစေချင်လေရဲ့။သို့ပေမဲ့ သားပြုံးဖို့ရယ်ဖို့ကိုတော့ တော်တော်ကို ကြိုးစားယူရသည်။
မောင်တစ်ယောက်ကလွဲရင်ပေါ့။
သူ့ဖေဖေ မြှူရင်တော့ မင်းဒီပါမောင် တို့ ရယ်လိုက်တာမှ အူနာမှာကို ပျိုးစိတ်ပူရတဲ့အထိ။အားလုံး သဲသဲလှုပ်ကြသည့်
သားရဲ့ပါးချိုင့်ကခပ်ရေးရေးလေးတွေမို့ ပြုံးရုံနှင့် သိပ်မပေါ် ရယ်မှသာ ထင်းထင်းမြင်ရသည်။
ပျိုးရော မောင်ရော ပါးချိုင့်မရှိပါဘဲ သားကဘယ်သူနှင့် သွားတူသလဲတော့ ပျိုးလည်းမသိ။
ရုပ်ရည်ကတော့ မောင့်မာမီပြောတာ မောင်ငယ်ငယ်ပုံစံနှင့်တစ်ပုံစံထဲပဲတဲ့။တကယ်လည်း ပါးချိုင့်တွေရှိနေတာလွဲရင် သားလေးက မောင်နှင့်တော်တော်ကိုတူပါသည်။
မောင့်ကဲ့သို့သော....
မျက်ဝန်းတွေညိုသည် ၊ ထိုမျက်ဝန်းညိုညိုတွေကို ရံခနေသည့် မျက်တောင်တိုစိပ်စိပ်ကော့ကော့လေးတွေရှိသည် ၊ ဆံပင်တွေက အညိုရောင်အဆင်းရှိပြီး ကောက်ကောက်လေး ၊ နှာခေါင်းကလည်းဖော်စရာမလိုအောင်ကို နှာတံပေါ်ပြီး ချွန်သည် ၊ နှုတ်ခမ်းတွေကတော့ မောင့်လိုအထူအပါးညီညာပေမယ့် မောင့်လိုတော့ခပ်ညိုညိုမဖြစ်နေပါ အင်းလေ...မောင်ကစီးကရက်တွေသောက်တတ်တာကို။တစ်နှစ်ကျော်ရှိပြီဖြစ်တဲ့ သားက ကွတ်ကီးဆိုလည်း သိပ်ကိုကြိုက်ပြီး ခြေဆစ်လက်ဆစ်လေးတွေဆိုလည်း ရှည်မြောမြော ကြီးလာရင်တော့ သူ့အဖေလို လူကြားထဲလည်း ထိုးထိုးထောင်ထောင်ကို ဖြစ်နေတော့မှာ။
ဘာပဲဖြစ်ဖြစ် ပျိုးကျေနပ်သလို သိပ်ဝမ်းသာပါတယ်။ မောင်နဲ့တူတဲ့သား မောင့်ကိုမွေးပေးခွင့်ရတာ ပျိုးဘယ်လောက်ကံကောင်းလိုက်လဲ။
တစ်ခါ မောင့်သူငယ်ချင်း ခွန်းဆက်ကတောင် 'ညီလာ့ သားက ညီလာနဲ့တစ်ရုပ်ထဲ မျက်ခုံးကိုကြည့်ပါလား သူ့အဖေလို အတ္တကြီးမဲ့ မျက်ခုံးကြီး'
လို့ ပြောတုန်းကဆို မောင်က သူ့သားကို မဦးမချွတ်တွေ ပြောလို့ဆိုပြီး စိတ်ဆိုးနေသေးတာ။
YOU ARE READING
A year of love(U/Z)