Part34(Zawgyi)

5.2K 94 2
                                    

Those under eighteen and those who don't like 18+ should skip this section.

သည်နေ့က နောင်နောင် တစ်လတင်းတင်းပြည်သည့်နေ့။ထိုနေ့မှာ ပျိုးနှင့်မောင်ရယ်က မိဘမဲ့ကျောင်းလေးမှာ နောင်နောင့်အတွက်ရည်စူးပြီး လိုအပ်သည်တို့ကို အလှူလုပ်ပေးသလို ၊ မောင့်မိဘတွေလည်းဖြစ် နောင်နောင့်ရဲ့ ဦးလေးလည်းဖြစ်သည့် ဦးဆက်နေတို့အိမ်မှာတော့ ဘုန်းကြီးပင့်ပြီး လလဲ လုပ်ပေးသည်။

ပျိုးတို့လှူသည့် မိဘမဲ့ကျောင်းက နောင်နောင်နှင့်ပျိုးအတူတူလာလှူဖူးသည့် ကျောင်းဖြစ်၏။ဒီတစ်ခါကတော့ မောင်နဲ့အတူတူပေါ့။

မောင်လည်း သူ့အစ်ကိုအတွက် သိပ်ဝမ်းနေမှန်း ပျိုးသိတာပေါ့။ပျိုးကိုယ်တိုင်လည်း ရင်ထဲမှာ သည်းသည်းနင့်နင့်ပါပဲ။ကြားကြားချင်း ယုံတောင်မယုံနိုင်ခဲ့။ဒါပေမယ့် ' ရှင်သန်ခြင်းဆိုတာ
မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက တိုတောင်းလွန်းတဲ့ အချိန်အပိုင်းအခြားလေးတစ်ခုပဲ 'ဟု နှလုံးသွင်းပြီး စိတ်ကိုဖြေရသည်။

ကလေးတွေရဲ့ နောင်နောင့်အတွက်ဆုတောင်းမေတ္တာပို့သံက ရင်နင့်ဖွယ်ပါ။စပျိုးလည်း ရင်ထဲမှရော ၊ ကုသိုလ်တစ်ခုခုပြုတိုင်းရော ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှုအရ နောင်ဘဝသာ ရှိရိုးမှန်ခဲ့ရင် နောင်နောင်နှင့် ပြန်ဆုံရပါစေ ဟု ဆုတောင်းမိသည်။နောက်ထပ် နောင်နောင် ပျိုးတို့ပို့သတဲ့ မေတ္တာတွေ၊ကုသိုလ်တွေရဖို့ကိုလည်း ဆုတောင်းသည်။

ပျိုးဘဝမှာ ရင်းရင်းနှီးနှီးသူငယ်ချင်းဆိုတာ နောင်နောင်တစ်ယောက်တည်းပဲ ရှိခဲ့ခြင်းမဟုတ်လား။ပြီးတော့ သူငယ်ချင်းတစ်ယောက်အနေနဲ့ဆိုရင်လည်း နောင်နောင်က လိုတာထက်ပိုပြီး တာဝန်ကျေခဲ့တဲ့သူငယ်ချင်းပါ။နောင်နောင်က တကယ် စိတ်ထားဖြူစင်ခဲ့တဲ့လူကောင်းတစ်ယောက်မို့ နောင်နောင့်ကို ပျိုးနှမြောတသဖြစ်မိသည်။

ထိုတစ်လ အတွင်းမှာ ပြောင်းလဲမှုကတော့ မောင်က Fedral က CEOရာထူးကို ဆက်ခံပြီး သူ့ရဲ့လုပ်ငန်းရှယ်ယာ၊ ပရောဂျက် ၊ ပိုင်ဆိုင်မှုအားလုံးကို သူ့ဒယ်ဒီ Groupနဲ့ ပေါင်းလိုက်တာပါပဲ။
အဲ့တာကြောင့် Fedralရဲ့အရှိန်အဝါကလည်း အဆမတန်ကြီးထွားလညခဲ့သည်။
မောင်က သူ့မာနကြောင့်၊မခံချင်စိတ်ကြောင့်သာ ကုမ္မဏီထောင်နိုင်ကြောင်း ၊ သူက ကလေကချေ အရက်သမားမဟုတ်ကြောင်း သူ့အရည်အချင်းကို ပြပေမယ့် နောင်နောင်မရှိတော့ Fedralကို မောင့်အပြင်ဘယ်သူက ဦးစီးမှာလဲ။

A year of love(U/Z)Where stories live. Discover now