Part-6

21.3K 1.2K 74
                                    

အိမ်နဲ့ကုမ္မဏီ ကိုပျိုးဥယျာဉ် ၁နာရီလောက်ပုံမှန်မောင်းနေရတဲ့ အကွာအဝေးပေမယ့် မေမေ့ဇောနဲ့ နာရီဝက်နှုန်းမောင်းပြီး အရောက်ပြန်လာခဲ့သည်။

အိမ်ပြန်ရောက်တာနဲ့ မေမေ့အခန်းဆီကိုအပြေးတစ်ပိုင်းဖြင့်တက် သွားမိသည်။အခန်းထဲရောက်တော့ Family doctor ကိုကောင်းမြတ်က ရောက်နေပြီဖြစ်ကာ မေမေ့ကို ဆေးလွှတ်ပေးနေသည်။မေမေက သတိရနေပေမယ့် ဖျော့တော့တော့ ဘေးမှာမိတုတ်ကတော့ မတ်တတ်ရပ်လျက် မိတုတ်က ပျိုးရောက်လာတာကို မြင်တော့...

"အစ်ကိုလေး ရောက်လာတာမြန်လိုက်တာ"

ကိုကောင်းမြတ်ကလဲ မေမေ့ကို ဆေးလွှတ်ပေးနေရင်း ပျိုးကို ကြည့်လာသည်။မေမေကတော့ ပျိုးကိုမကြည့်နိုင်၊ပျိုး ကိုကောင်းမြတ် အနားကို သွားရပ်လိုက်ပြီး...

"မေမေ ဘယ်လိုဖြစ်တာလဲ ကိုကောင်း"

ကိုကောင်းမြတ်က မျက်မှန်ကိုင်းကို လက်ခုံဖြင့် ပင့်တင်လိုက်ပြီး...

"သွေးပေါင်တအားထိုးကျသွားပြီး သတိမေ့တဲ့ထိဖြစ်သွားတာ မင်းအန်တီ့ကို ပိုဂရုစိုက်ပေးပါ ဥယျာဉ် "

ပျိုး မေမေ့ရဲ့ ဖြူဖျော့ဖျော့မျက်နှာကို စိုးရိမ်ပူပန် ခြင်းတို့ပြည့်နေသော မျက်ဝန်းတို့ဖြင့်ကြည့်လိုက်၏။ပြီးတော့ မေမေ့နား ခုတင်စွန်းမှာထိုင်သည်။

"မေမေ နေသာရဲ့လားဟင် "

မေမေ က လေသံခပ်ပျော့ပျော့ဖြင့်...

"နေသာပါတယ်သားရယ် အများကြီးစိတ်မပူနေပါနဲ့"

ကိုကောင်းမြတ်က ဆေးလွှတ်၍ ပြီးသွားတော့ ​ဆေး
ပစ္စည်းအချို့ကို သူ့ရဲ့ အိတ်ထဲကိုထည့်ကာ ဆေးသေတ္တာငယ်ကို ဖွင့်ပြီး သောက်ဆေးတွေထုတ်ကာ မနက် ည ခွဲပေးနေသည်။

ပျိုး မေမေ့ရဲ့ ဘယ်ဘက်လက်လေးကို ခပ်ဖွဖွဆုပ်ကိုင်မိသည်။
မေမေ တစ်ခုခု ဖြစ်လို့မရဘူး
မေမေနားမှာ ပျိုး အကြာကြီးဂရုစိုက်ပေးရအုံးမှာ
မေမေ ဘာမှဖြစ်မသွားပါနဲ့နော်။

"ဆေးလေးတွေကို ဂရုတစိုက်သောက်ပေးပါနော်၊
ဥယျာဉ် မင်းလဲ အလုပ်ကိုပဲ ဖိလုပ်မနေနဲ့ အန်တီ့
ကိုလဲ အချိန်ပေးအုံး အန်တီက စိတ်ချမ်းသာဖို့လဲလိုအပ်တယ်"

A year of love(U/Z)Onde histórias criam vida. Descubra agora