Part-35

22.9K 1.1K 161
                                    

မင်းညီလာ တောင်ဒဂုံဘက်ပရောဂျက်ဖြစ်သည့် ကွန်ဒို Tower ဆောက်လုပ်ရေးဘက်ကို ခဏစစ်ဆေးပြီးတာနဲ့ အိမ်ကို ပြန်ဖို့ကိုသာလော နေမိသည်။လောဆို အချိန်ကလည်း ပြန်နေကျ အချိန်ထက်၁၅မိနစ်နောက်ကျနေပြီကို ကိုယ်က၁၅မိနစ်လောက်လေး ဆိုပြီး ဘာမှ မဟုတ်ဘဲ တွေးပေမယ့် မတွေးတာက အိမ်ကတစ်ယောက်။

ခုချိန်လောက်ဆို' မင်းညီလာမောင် တို့ အလုပ်ကိုဗန်းပြပြီး သူငယ်ချင်းတွေနဲ့ အရက်သောက်နေလား 'ဆိုပြီး ဖုန်းကျမဆက်ဘဲ
တောက်တီးတောက်တဲ့တွေ လျှောက်တွေးနေတော့မှာ ဗေဒင်မေးစရာမလိုဘူး။ ဘာလို့ဆို ပျိုးဥယျာဥ်ကအတွေးအခေါ်ပညာရှင်အဆင့်လေ။

ကိုယ်ဝန်လရင့်လာလေ သူအလိုမကျတာတွေက များလာတာမှ တောက်လျောက် ။ဒီကကောင်ဆို သူ့အိမ်မှာနေ ၊ သူ့လုပ်စာစား ပြီးဆန်ကုန်မြေလေးလုပ်နေလို့ ဘာလုပ်လုပ် ဘာစားစား သူ့မျက်နှာ ကြည့်နေရသလိုကိုဖြစ်နေတာ။ကုန်ကုန်ပြောရရင် ထမင်စားလို့ ပန်းကန်ပြားနဲ့ဇွန်းခြစ်မိလို့ အသံနည်းနည်းထွက်ရင် မကြိုက်ဘူး၊ ရေချိုးခန်းဝင်တာ ကြာရင်လည်းစိတ်ကကောက် ချင်သေးတာ ။တကယ် တကယ် မလွယ်ကြော။

"Hello...ကလေး "

ထင်တဲ့အတိုင်းပါပဲ ဖုန်းကိုင်ပြီး ဘာမှမပြောဘူး ဆိုတည်းက ရာသီဥတုအခြေအနေကို မင်းညီလာ နားလည်လိုက်ပြီ။မီးဘေးရှောင် မလောင်ခင်တားဆိုတဲ့အတိုင်း ကြိုတားပေမယ့် မရလောက်တော့ဘူး မီးကလောင်နေပြီ။

ပျိုးဥယျာဥ်ရဲ့ ဒေါသမီး!

"မောင် နည်းနည်းနောက်ကျမယ်နော် အလုပ်ကကွာ စစ်ရမှာလေး နည်းနည်းရှိနေတော့လေ အဲ့တာ..."

ပျိုး ဖုန်းလိုင်းမှ တစ်ဆင့်ကြားနေရတဲ့ မောင့်စကားကို ကြားပေမယ့် ခုထိ ဘာစကားတစ်ခွန်းမှ မပြောမိ။ခဏကြာထိ မောင်က အသေးစိတ်ပြောပြပြီးမှ...

"အင်း" ဘာမှမဖြစ်သလို လည်ချောင်းသံတစ်ချက်သာပေးလိုက်ပြီး သူ့ဘက် ပတ်ဝန်းကျင် ကအသံကို နားစွင့်ကြည့်သည်။သီချင်းသံ ၊ တီးလုံးသံ တို့တော့မကြားရ။

မင်းညီလာ ဖုန်းကိုကိုင်ထားပြီး ဘာဆက်ပြောရမှန်းမသိသေးတဲ့ အချိန်ဆက်ကြားမှ ဘေးမှ ကိုရာဇာက ကိုယ့်bossအခြေအနေကိုရိပ်မိကာ...

A year of love(U/Z)Where stories live. Discover now