ဆေးရုံခန်းတံခါးကိုဖွင့်လိုက်တော့
ညီလာရဲ့ လက်ကို ဆုတ်ကိုင်ပြီး ခုတင်ဘေးခုံမှထိုင်ကာ ထိုလက်နားမှာတင် ခေါင်းအပ်၍ အိပ်ပျော်နေသော ဥယျာဉ်။နောင်နောင် ပင့်သက်တစ်ချက်ကို အဓိပ်ပါယျမရရောစှာ ရှိုက်လိုက်မိ၏။ပြီးနောက် ပျိုးအနားသို့ လျှောက်သွားပြီး ပခုံးကို ခပ်ဖွဖွပုတ်ကာ နှိုးရသည်
"ဥယျာဉ်..."
သတိနှင့် အိပ်ပုံရသည်။တစ်ခေါက်နှိုးလိုက်တာနဲ့ ချက်ချင်းခေါင်းထောင်လာသည်။
"မင်းအိမ်ပြန်ပြီး အေးဆေးနားပါ ငါစောင့်လိုက်မယ်"
ပျိုး နိုးလာပေမယ့် နောင်နောင့်ကိုအရင်မကြည့် ။နောင်နောင့်စကားကိုလဲ ကြားဟန်မပြု သတိရမလာသေးသည့် ခုတင်ပေါ်က မောင့်ကိုသာ သတိရလာပြီလားဟု မျှော်လင့်ချက်ကြီးစွာ ကြည့်မိသည် ။မောင် သတိရလာလျှင် မသိမှာဆိုး၍ ခုတင်ဘေးကဘယ်မှမသွားချင်။အိပ်ပျော်သွားလျှင်တောင် သတိနဲ့ပဲ အိပ်တတ်သည်။
သည်နေ့နှင့်ဆို မောင်သတိမေ့နေတာ သုံးရက်တိတိရှိပြီ။သူ့သူငယ်ချင်းတွေကတော့ လာစောင့်ပေးပြီး ပျိုးကိုနားခိုင်းပေမယ့် ပျိုးခေါင်းမာစွာငြင်းမိသည်။မောင့်အနားက တစ်ဖဝါးမျှ မခွာချင်ဘူး၊တခြားဘာကိုမှလဲ စိတ်မဝင်စားတော့ဘူး၊ မောင်သတိပြန်ရလာလို့ ကိုယ့်ကိုမတွေ့ရင် မောင်ဝမ်းနည်းမှာဆိုးတယ်။
တစ်လျှောက်လုံး မောင့်ကို စိတ်ပိုင်းဆိုင်ရာ နာကျင်စေခဲ့တာတွေများခဲ့ပြီ။အခုထပ်ပြီး ပျိုးကြောင့် သူ့အသက်အန္တရာယ်အထိပါ ထိခိုက်စေပြန်ရော။
ဟင့်အင်း...ထပ်ပြီး မောင့်ကိုမနာကျင်စေချင်တော့ဘူး စိတ်ရော ၊ ကိုယ်ရော ဘာမှထပ်ပြီးအထိခိုက်မခံနိုင်ဘူး။"ဥယျာဉ်...."
"ဟင်..."
ပျိုး ထိုအခါမှ နောင်နောင့်ကို ကြည့်လာသည်။
ပျိုး မျက်နှာကလေးမှာ သိသိသာသာကို နွမ်းဖျော့နေပါသည်။ငိုလွန်း၍ မျက်လုံးကလေးတွေလဲ အနည်းငယ် အစ်နေကာ အသားအရည်ဖြူလွန်းသူမို့ နှာခေါင်းထိပ်လေးတွေဆို နီရဲနေ၏။
YOU ARE READING
A year of love(U/Z)