Part-17

21.6K 1.1K 60
                                    


ဆေးရုံ သီးသန့်ခန်းထဲရှိ ခုတင်ပေါ်မှာ နွမ်းလျစွာ လှဲနေသော လင်း  က ဘေးမှာ မျက်နှာခပ်တည်တည်နှင့် ထိုင်နေသည့် မင်းညီလာမောင်ရဲ့ လက်တစ်ဖက်ကို ခပ်ဖွဖွလေးဆွဲယူဆုပ်ကိုင်လိုက်သည်။

"ကိုကို မနက်ဖြန်ကျရင်လဲ လင်း ဆီလာပါနော်"

မင်းညီလာ လင်း ဆုပ်ကိုင်ထားသော သူ့လက်ကိုတစ်ချက်ကြည့်သည်။ပြီးတော့ နဖူးမှာ ပတ်တီးဖြူစည်းထားတဲ့ လင်း ရဲ့မျက်နှာကို ခပ်တည်တည်ကြည့်သည်။

"မအားဘူး အလုပ်ကိစ္စရှိတယ် နောက်နှစ်ရက်လောက်နေမှ ထပ်လာကြည့်မယ်"

အစကတည်းက ညှိုးငယ်နေတဲ့ လင်းမျက်နှာက ပိုညိုသွားသည်။

"လင်းက ဒီလိုအချိန်မှာ ကိုကို့ ကိုအနားမှာရှိစေချင်လို့ပါ လင်း တစ်ယောက်တည်း အရမ်းအားငယ်တာပဲ"

လင်း ဆုပ်ကိုင်ထားတဲ့ မင်းညီလာရဲ့ လက်ကိုသူ့ပါးမှာထိကပ်လိုက်သည်။ဘယ်တုန်းကမှ ကိုယ့်အပေါ် မနွေးထွေးခဲ့ဖူးတဲ့ လူမို့ထင်ပါရဲ့ ပါးမှာအပ်လိုက်တဲ့လက်ကလဲ သူ့မျက်နှာနည်းတူ အေးစက်စက်နဲ့ရယ်ပါ။

မင်းညီလာမောင် သူ့လက်ကိုပြန်ဆွဲယူလိုက်သည်။ဒီလောက်ထိ ထိတွေ့ဖို့ မလိုလောက်ဘူး။တကယ်ကို မလိုဘူး။

"ဒီဆေးရုံမှာ မင်းအတွက်အဆင်မပြေတာရှိလို့လား"

ရှယ်ယာဝင်ထားတဲ့ private ဆေးရုံဖြစ်တာကြောင့် လူနာရှင်ကိုယ့်နာမည်နဲ့ သူ့လိုလူနာအတွက် လိုအပ်မှုဆိုတာ တခြားလူတွေထက်ကို ပိုပြီးမရှိနိုင်ပါ။မိသားစုမရှိ တဲ့ တစ်ယောက်တည်းသမားမို့အားငယ်နေတာဆိုရင်တော့ မပြောတတ်။ဒါပေမယ့် ဒါတွေဟာ သူ့ကိုယ်တိုင်ဖန်တီးတာပဲမဟုတ်လား။

"ကိုကို လင်း ကိုနည်းနည်းလောက်ဖြစ်ဖြစ်ဂရုစိုက်ပါလား လင်း ဒီလိုဖြစ်ရတာ..."

"တော်လိုက်ပါတော့ မင်းကို ငါတာဝန်ယူထားတာပဲ ဘာတွေလိုအပ်နေလို့လဲ"

လင်း မျက်နှာကို တည့်တည့်ကြည့်ပြီး ပြောတာ
ကြောင့် လင်း ဘာပြောရမှန်းမသိ။တကယ်တမ်း ဖြစ်စေချင်ခဲ့တာက အခုကဲ့သို့မဟုတ်။

A year of love(U/Z)Onde histórias criam vida. Descubra agora