1

602 18 1
                                    

(ဤဇာတ်လမ်းသည်၁၉၄၀ခုနှစ်၀န်းကျင် ဗြိတိသျှတို့မြန်မာနိုင်ငံအုပ်စိုးစဥ်ကာလကိုပုံဖော်ရေးသားထားခြင်းဖြစ်ပါသည်။ ထို့ကြောင့်အတတ်နိုင်ဆုံးဆင်တူအောင်ရေးသော်ငြားအမှားတစ်စုံတစ်ရာပါခဲ့သော်နားလည်မှုဖြင့်ခွင့်လွှတ်ကြပါရန်တောင်ပန်ပါသည်။)

------

မတူညီသောနေရာနှစ်ခု၌ကလေးငယ်နှစ်ဦးဟာလူ့လောကအတွင်းသို့တစ်ပြိုင်နက်၀င်ရောက်လာကြသည်။

အချိန်၊နေရာ၊ဒေသ ကွာခြားချက်များကြောင့်မွေးဖွားသည့်အချိန်များဟာမတူညီကြ။

{င်္လန်နှင့်ဗမာနိုင်ငံသည်အချိန်အားဖြင့်နာရီခွဲန့်ကွာခြားပါသည်}

သူငယ်ချင်းနှစ်ဦး၏ကလေးနှစ်ဦးသည်ပြောဆိုနေထိုင်မှုများနှင့်ယဥ်ကျေးမှုမတူညီစွာမွေးဖွားရှင်သန်လာခဲ့ကြသည်။

ခေတ္တမျှ နောက်ကြောင်းပြန်ပါရစေ။
ငယ်စဥ်ကလေးဘ၀အချိန်မှပေါင်းသင်လာကြသောသူငယ်ချင်းနှစ်ဦး။
ဒေါ်မြမေနှင့်ဒေါ်ရွှေထင်။

ဒေါ်မြမေမှာငွေကြေးအားဖြင့်
အသင့်အတင့်ရှိသူတစ်ယောက်ဖြစ်ပြီးဒေါ်ရွှေထင်မှာဆင်ရဲနွမ်းပါးသူတစ်ဦးပင်။
သို့သော်လည်းအပေါ်ယံငွေကြေးဥစ္စာများကိုဘေးဖယ်ကာခင်မင်ကြသည်။

အရွယ်ရောက်လာသောတစ်ချိန်
ဒေါ်မြမေဟာမြန်မာနိုင်ငံသားကုန်သည်တစ်ဦးဖြစ်သူကိုလွန်းမောင်နှင့်ထိမ်းမြားလက်ထပ်ခဲ့သည်။ကိုလွန်းမောင်သည်နိုင်ငံခြားဖြစ် ကုန်စည်များကိုရောင်းချသူမို့အတော်ချမ်းသာသကဲ့သို့ပင်နိုင်ငံခြားသားအများစုနှင့်လည်းရင်းနှီးကာသူတို့၏ ဘာသာစကားကိုလည်းကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်လေသည်။

ဒေါ်ရွှေထင်အတွက်ဆင်းရဲသောဘ၀အခြေအနေမှကယ်တင်ပေးခဲ့သောအရာရှိ၀ီီလီယံ။အင်္ဂလိပ်လူမျိုးတစ်ယောက်ဖြစ်ပြီးမြင်မြင်ခြင်းချစ်မိရာမှလက်ထပ်ယူခဲ့သည်။

လက်ထပ်ပြီးချိန်မှစ၍အဆက်အသွယ်ပြတ်သွားကြသောသူငယ်ချင်းနှစ်ယောက်။နှစ်ပေါင်းများစွာကြာသည်အထိမဆက်သွယ်မိကြပါလေ။

တစ်ချိန်က၀ယ် . . .Where stories live. Discover now