"အန်နီ သမီး ဖြေလိုက်လေ"
" ...... "
"ကျွန်မကဘာအလုပ်လုပ်ရမှာလဲ"အထက်လူကြီးကပေးသည့်အလုပ်ကိုချက်ချင်းမယူဘဲပြန်လည်ကာပင်မေးခွန်းထုတ်လာသောအန်နီကြောင့်ဖခင်ဖြစ်သူ၀ီလီယံ သူ၏အထက်လူကြီးအားမျက်နှာပူနေမိသည်။
"သမီး လူကြီးကပေးတဲ့အလုပ်ကိုဘာပဲဖြစ်ဖြစ်လက်ခံမှာပေါ့"
"ပြောပါ ကျွန်မကဘာအလုပ်ကိုလုပ်ရမှာလဲ ကျွန်မရဲ့ရာထူးကဘာလဲ"
"အဟက် ၀ီလီယံ မင်းရဲ့သမီးကဘယ်ဆိုးလို့လဲ"
"စာရင်းပိုင်းတွေကိုစိစစ်ပေးရမှာ""စာရင်းကိုင်ပေါ့"
"မှန်တယ်"
"ကျွန်မရဲ့ပညာအရည်အချင်းကစာရင်းကိုင်လောက်အဆင့်ပဲရှိ
လို့လား""မဟုတ်ပါဘူး အန်နီနာကမိန်းကလေး ..... "
"မိန်းကလးမို့တခြားအလုပ်တွေမလုပ်နိုင်လို့ အဲ့သလိုပဲပြောဦးမလို့လား"
"အဟမ်း ဘာပဲဖြစ်ဖြစ်လေမှန်တယ်မဟုတ်လား"
" no မမှန်ဘူး မိန်းကလေးမို့မလုပ်နိုင်ဘူးဆိုတာတပါးသောမိန်းကလေးတွေအတွက်ဘဲဖြစ်လိမ့်မယ် ကျွန်မအတွက်တော့မဟုတ်ဘူး"
"သမီး လူကြီးကိုအဲ့လိုမပြောနဲ့လေ"
ဖခင်ဖြစ်သူ၀ီလီယံမှာအားနာသဖြင့်သမီးဖြစ်သူအားတိုးတိုးကလေးပြောနေလေပြီ။သို့သော်ငြားအန်နီနာဂရုမပြုမိ။
"မင်းသမီးစိတ်ဓာတ်ကိုသဘောကျသွားပြီ၀ီလီယံ ဒီလိုသတ္တိကတော်ရုံလူမှာမရှိဘူး"
လူကြီးကိုမျက်နှာပူနေသော်လည်းမိမိ၏သမီးဖြစ်သူကိုချီးကျူးသဖြင့်၀ီလီယံတစ်ယောက်မျက်နှာအမူအရာကိုမည်သို့ပြုမူရမည်မှန်းကောင်းကောင်းမသိတော့။
"အန်နီနာ သမီး စာရင်းချုပ်ပိုင်းကအလုပ်တွေကယောကျ်ားလေးတွေတောင်တော်ရုံရလွယ်တဲ့အလုပ်မဟုတ်ဘူး။ ပြီးတော့အဲ့ပိုင်းမှာအကြီးအကဲအဖြစ်လုပ်ရမှာပါ။ အန်နီနာကိုအခုလိုမခေါ်ခင်ကတည်းက oxford university ကကျောင်းအုပ်ကြီးကိုအန်နီနာအကြောင်းမေးပြီးပြီ။ သူကတော့အန်နီနာကအတွက်အချက်ပိုင်းတွေ စာရင်းပိုင်းတွေဆိုစေ့စပ်သေချာလွန်းတယ်တဲ့။ ဒါကြောင့်အန်နီနာကိုဒီအလုပ်လုပ်ဖို့တောင်းဆိုရတာပါ။ စာရင်းတွေဆိုတာဘယ်လောက်အရေးကြီးတယ်ဆိုတာအန်နီနာအသိဆုံးပဲမလား"

YOU ARE READING
တစ်ချိန်က၀ယ် . . .
Diversos"ဆုတောင်းမှားတယ်လို့ပဲပြောပြော ၀ဋ်ကြွေးလို့ပဲပြောပြော အန်နာ့ကိုချစ်ခွင့်ရတာကတို့အတွက်အကြိီးမားဆုံးသောဆုလာဘ်တစ်ခုပါပဲ"