8

110 6 0
                                    

"မေကဟင်းချက်တော်တယ်နော်"

"ဟုတ်သလား"

"အင်း ကျွန်မ အဲ အန်နာကပုံမှန်ဆိုအမေချက်တာပဲစားတာ"

"ဟုတ်သလား"

"အင်း"

"မမလေး မြင်းတွေအဆင်သင့်ပြင်ပြီးသွားပါပြီ"

မြင်းထိန်းဦးလေးကြီးကသတိပေးလာသောစကား။
"မမလေးမစီးသေးဘူးလားခင်ဗျ"

"စီးမယ် ကျွန်မ၀တ်စုံလဲလိုက်ပါဦးမယ် အရာရာအဆင်သင့်ပြင်ထားပါ"

အန်နီနာ မြင်းထိန်း၏စကားကိုချက်ချင်းဖြေပြီးမှမေ၀တ်လွှာအားသတိရသွားမိသည်။

~what the hell man! မေ့ကိုခဏမေ့သွားတာပဲ

"အန်နာကမြင်းစီးတတ်တာလား"

မျက်လုံးလေးကလယ်ကလယ်နှင့်​မေးလာသောမေ၀တ်လွှာ။

"အင်း စီးတတ်တယ်"

'စီးတတ်တယ်' ဟူသောစကားအဆုံးတွင်မေ၀တ်လွှာ၏ မျက်လုံးအရောင်လေးများတောက်ပလာသည်။စိတ်၀င်စားမှုများအပြည့်ဖြင့်စိုက်ကြည့်လာသောမေ၀တ်လွှာ၏အကြည့်များကိုပြန်လည်ကြည့်ရှုသော်ငြားစိတ်အတွင်းခံစားချက်အချို့ဖြစ်လာသည်။ထို့ကြောင့်ထသွားရန်ဆုံးဖြတ်လိုက်သည်။

"ဒါနဲ့အ၀တ်စားသွားလဲလိုက်ဦးမယ်"

နှစ်ဦးအတူထိုင်နေသောစားပွဲ၀ိုင်းမှထွက်ခွါလာခဲ့လိုက်သည်။အ၀တ်စားလဲပြီးချိန် သူပြန်ကောင်းပြန်နိုင်ရဲ့။

အပေါ်ထပ်သို့တက်သွားပြီး၀တ်စုံလဲပြီးသည်နှင့်ချက်ချင်းပင်အောက်ထပ်သို့အလျင်အမြန်ဆင်းလာသည်။မသိစိတ်ကတွေ့ချင်သေးသလိုသိစိတ်ကလည်းမတွေ့အောင်ရှောင်ဖယ်ခိုင်းနေသည်။ထိုစိတ်နှစ်ဖုံကြား
အန်နီနာ မည်သို့လုပ်ရပါ့။

အန်နီနာအောက်ထပ်ရောက်ချိန်တွင်မေ၀တ်လွှာအားမတွေ့တော့။အိမ်သို့ပြန်သွားပြီဟုသာတွေးလိုက်သည်။ထို့ကြောင့်အန်နီနာ၏ခြေလှမ်းများသည်မြင်းဇောင်းတန်းထံသို့ .... ။
___________
"အဆင်သင့်ဖြစ်ပြီလား"

"ဟုတ်ကဲ့ပါမမလေး"

မကြာမီပင်အန်နီနာရှေ့မှောက်သို့ရောက်လာသောမြင်းတစ်ကောင်။
အုန်းခွံရောင်အဆင်းရှိသောထိုမြင်းကိုဖခင်ဖြစ်သူ၀ီလီယံ မြန်မာပြန်ရောက်အမှတ်တရလက်ဆောင်အဖြစ်၀ယ်ပေးထားခြင်းပင်။ထို့အပြင်ထိုမြင်းကိုမိမိကိုယ်တိုင်လည်းစိတ်တိုင်းကျသည်မို့လက်ခံထားခြင်းပင်။မိမိစိတ်တိုင်းကျလောက်အောင်ပင်သန်မာလွန်သောထိုမြင်းအား
'stout (စတုပ်ဖ်)'ဟုအမည်ပေးထား၏။

တစ်ချိန်က၀ယ် . . .Where stories live. Discover now