ချိုမြတို့၏ဘုရားပွဲသည်ချိုမြပြောသကဲ့သို့ပင်လူများလှပေသည်။ အသံမျိုးစုံကိုလည်းကြားနေရသလိုအနံ့အသက်မျိုးစုံကိုလည်းရှူရှိုက်နေရသည်။ ဘာသာရေးပွဲတော်ဖြစ်သည့်ရွာဘုရားပွဲသည်ခရစ်စမတ်နေ့များ၊ ကျေးဇူးတော်နေ့များနှင့်လုံးလုံးလျားလျားပင်မတူ။ သို့သော်စိတ်မညစ်ပဲပျော်ရွှင်နေမိသည်။ ကြည့်ရတာတစ်ခါမှမသွားဖူး၊ မရောက်ဖူး၊ မတွေ့ကြုံဖူး၍ဖြစ်ပေလိမ့်မည်။
"မိချိုရေ!"
"မဆုံ! "
"အမလေးတော်။ ချောလာလိုက်တာ။ ရန်ကုန်မြို့ကြီးသူကိုဖြစ်လို့။ ကျုပ်တို့နဲ့တောင်မတူတော့ဘူး"
အသား၀ါ၀ါ။ တစ်နည်းအားဖြင့်ဗမာဖြူဖြူသောအစ်မတစ်ယောက်ကသူမ၏သူငယ်ချင်းများဖြင့်လာကာနှုတ်ဆက်သည်။ စကားလာပြောသောမဆုံဆိုသူကအသားဖြူသော်လည်းသူမ၏သူငယ်ချင်းများမှာအသားညိုလှပေသည်။
"ဟော! ဒါကဧည့်သည်တွေလား။ မဂ်လာပါတော်။ ကျုပ်ကမိချိုရဲ့သူငယ်ချင်းလေ။ နာမည်ကတော့မဖြိုးဆုံပါ"
"ဟုတ်ကဲ့။ ၀တ်လွှာနာမည်ကမေ၀တ်လွှာပါ"
"ဟယ်! လူလည်းချောသလိုနာမည်လေးကလည်းလှနေရောပါလား။ ကျုပ်ကိုခင်လို့ရတယ်နော်"
"ဟုတ်ကဲ့ပါရှင်"
"အန်နာ! နှုတ်ဆက်လိုက်လေ"အပြုံးဖြင့်နှုတ်ဆက်နေသောမေ၀တ်လွှာကိုငေးနေရာမှမေ၀တ်လွှာပြော၍သတိပြန်၀င်လာရသည်။
"ဟင်! အာ .... မဂ်လာပါ။ တွေ့ရတာ၀မ်းသာပါတယ်။ ကျွန်မနာမည်ကအန်နီနာပါ"
"ဗမာလိုပြောတတ်တာလား"
မဖြိုးဆုံကအံ့သြတကြီးမေးလာသည်။
"ဟုတ်ကဲ့။ ပြောတတ်ပါတယ်""ကျုပ်ကဗမာလိုမပြောတတ်ဘူးထင်နေတာ"
"ပြောတတ်ပါတယ်"
"မဆုံ။ ဒီနှစ်ပဲဘယ်လောက်ထွက်လဲ"
ယာအကြောင်း၊ ကိုင်းအကြောင်းပြောလာသည်မို့မေ၀တ်လွှာနှင့်နှစ်ဦးသားထွက်လာခဲ့ကြသည်။ အမေတို့ကိုတော့အိမ်မှစထွက်သည့်အချိန်ခဏသာတွေ့လိုက်ရသဖြင့်အခုဘယ်ဆီကိုရောက်လို့ဘယ်ပေါက်နေမှန်းမသိပါလေ။
YOU ARE READING
တစ်ချိန်က၀ယ် . . .
Random"ဆုတောင်းမှားတယ်လို့ပဲပြောပြော ၀ဋ်ကြွေးလို့ပဲပြောပြော အန်နာ့ကိုချစ်ခွင့်ရတာကတို့အတွက်အကြိီးမားဆုံးသောဆုလာဘ်တစ်ခုပါပဲ"