4

134 12 0
                                    

အန်နီနာပင်ပန်း၍ခေတ္တအိပ်စက်လိုက်သည်။နိုးလာသည့်အချိန်သည်နေပင်၀င်လုဆဲဆဲပင်ဖြစ်နေ၏။
အန်နီနာညစ်နွမ်းနွမ်းဖြစ်နေသဖြင့်မျက်နှာသစ်လိုက်ကာအိမ်အောက်ထပ်သို့ဆင်းလာလိုက်သည်။

~မွှေးလိုက်တာ

မွှေးကြိုင်လှသောမုန့်ဟင်းခါးအနံ့ကိုရ၍စိတ်အတွင်းမှရေရွတ်မိသည်။

"အမေ မုန့်ဟင်းခါးချက်နေတာလား"

"ဪ အန်နီလေးတောင်နိုးပြီလား"

"ဟုတ်ကဲ့ မွှေးနေတာပဲနော်"

"စားချင်နေပြီမလား"

အန်နီနာခေါင်းငြိမ့်ပြလိုက်သည်။

"အန်နီ့အဖေကိုစောင့်လိုက်ဦးနော်"

"ဟုတ်"

ကိုယ်လက်သန့်စင်ရန်အိမ်အ​ပေါ်ထပ်သို့ပြန်တက်လာလိုက်သည်။
စတိုင်ပင်ဘောင်းဘီခဲရောင်အားပေါ့ပေါ့ပါးပါးဘလောက်စ်အဖြူနှင့်တွဲ၀တ်ထားသည်။

{ကိုလိုနီခေတ်တုန်းကစတိုင်ပင်ဘောင်းဘီပုံစံမျိုးတွေရှိနေပါပြီ}

ဆံနွယ်များကိုချထားလျက်ဆင်းလာသည်။

"မမလေးကလှလိုက်တာနော်"

"နတ်သမီးတောင်ရှုံးမလား"

အိမ်ဖော်တို့၏တီးတိုးစွာချီးကျူးအမွှန်းတင်စကားများကိုကြားရသော်လည်းစိတ်အတွင်းမည်သို့မှမဖြစ်။ဘိလပ်၌နေစဥ်ကတည်းကထိုသို့သောချီးကျူးစကားသံများကိုရိုးနေအောင်ပင်ကြားခဲ့ရပါသည်။

{ထိုအချိန်၌အဂ်လန်အားဘိလပ်ဟုအချို့ကခေါ်​ေ၀ါ်ကြပါသည်}

"နင်တို့ကလည်းသူဌေးသမီးလေးမေ၀တ်လွှာလည်းချောတယ်ဟ"

"မေ၀တ်လွှာကချောတာမဟုတ်ဘူးယဥ်တာ တော်တော့်ကိုယဥ်တာ"

အိမ်ဖော်များထံမှကြားလိုက်ရသောထိုနာမည်၏ပိုင်ရှင်ကို
ပထမဦးဆုံးအကြိမ်အနေဖြင့်မြင်ချင်မိခဲ့သလိုသူမအားနာမ်စားလေးတစ်ခုဖြင့်မှတ်သားထားလိုက်သည်။
___________
"မြန်မာပြည်ပြန်လာတာတော့အမြတ်ပဲဟေ့"

မုန့်ဟင်းခါးကိုတွေ့သည်နှင့်၀ီလီယံကထိုသို့ဆိုသည်။
အန်နီနာတို့သားအဖနှစ်ဦးစလုံး
မုန့်ဟင်းခါးအားနှစ်ခြိုက်ကြသည်။

တစ်ချိန်က၀ယ် . . .Where stories live. Discover now