အန်နာ တယ်လီဖုန်းရှိရာအိမ်အောက်ထပ်သို့မြူးတူးစွာဆင်းလာခဲ့သည်။
{၁၉၄၀ ခုနှစ်ပိုင်းလောက်ကတည်းကတယ်လီဖုန်းများရှိနှင့်နေပြီးဖြစ်ပါသည်။သို့သော်ယနေ့ခေတ်လောက်မတိုးတက်သေးချေ။}
ဖုန်းလက်ကိုင်ကိုကိုင်ပြီးနံပါတ်နှိပ်ရန်ပြင်လိုက်စဥ်တွင်မိမိ၌မေ့ဖုန်းနံပါတ်မသိသည်ကိုအမှတ်ရသွားသည်။ထို့အတူသူမအိမ်၌ဖုန်းရှိမရှိကိုရေရေရာရာမသိသကဲ့သို့ပင်အိမ်လိပ်စာကိုလည်းမသိ။
သည်လိုဆိုဘယ်လိုဆက်သွယ်ရပါ့။အမေ။
သတိရသည်နှင့်မိခင်ဖြစ်သူဆီအလျင်အမြန်ပြေးသွားတော့သည်။ယခုအချိန်အန်နာပြေးလွှားနေသည်မှာကလေးတစ်ယောက်အလား။"အမေ! "
"ဟော အန်နီ။ သမီး။ ဘာဖြစ်လို့တုတုန်းသမီးရဲ့"
"အမေ။ အန်နီတို့မေတို့အိမ်ကိုသွားလည်ရအောင်"
"မေဆိုတာက ... "
"ဟို! မေ၀တ်လွှာလေအမေရဲ့။လုပ်ပါနော်"
"ထူးထူးဆန်းဆန်းအမေ့သမီးကအပြင်ထွက်လည်ချင်လို့ပါလား"
ဒေါ်ရွှေထင်၏စကားကြောင့်အန်နာကျောပင်မတ်သွားရသည်။မိခင်ပြောသည်မှာလည်းမမှားပါလေ။ဘယ်အချိန်ကအန်နီနာထိုသို့သူတပါးအိမ်သွားလည်ခဲ့ဖူးလို့လဲ။
"မေ့ကိုကတိပေးထားတာရှိလို့ပါ။ ပြီးတော့မေ့အတွက်မြင်းစီး၀တ်စုံရပြီမို့တစ်ခါတည်းပေးဖို့ပါ"
"မြင်းစီး၀တ်စုံ"
"ဟုတ်"
"အမေမေးပါရစေ။ ဒီ၀တ်စုံကသူကိုယ်တိုင်တောင်းတာလား"
"သူတောင်းတာလို့လည်းမဟုတ်ပါဘူး"
"အန်နီ လက်ဆောင်ပေးချင်တာပေါ့""ဒါဆိုရင်တော့သူမယူလောက်ဘူးထင်တယ်"
"what"
"သူလက်မခံလောက်ဘူး။ သူ့လိုမြန်မာ၀တ်စုံဖြစ်တဲ့ထမီတွေပဲ၀တ်နေကြသူတစ်ယောက်၊ အရှက်ကြီးတဲ့သူတစ်ယောက်ကဒီလိုဘောင်းဘီကိုဘယ့်နှယ်၀တ်မတုန်း"
YOU ARE READING
တစ်ချိန်က၀ယ် . . .
Random"ဆုတောင်းမှားတယ်လို့ပဲပြောပြော ၀ဋ်ကြွေးလို့ပဲပြောပြော အန်နာ့ကိုချစ်ခွင့်ရတာကတို့အတွက်အကြိီးမားဆုံးသောဆုလာဘ်တစ်ခုပါပဲ"