"တို့သွားစရာရှိလို့သွားလိုက်ပါဦးမယ်"
ထွက်သွားသောကျောပြင်ငယ်ကလေးအားတစိမ့်စိမ့်ကြည့်ရင်းတွေးလိုက်မိသည်။
နောက်တစ်ကြိမ်လောက်တွေ့ရင်ခင်မင်နိုင်အောင်ကြိုးစားရမယ်
မည်သူ့ကိုမှသူငယ်ချင်းဖွဲ့ရန်မကြိုးစားခဲ့သောအန်နီနာ ပထမဆုံးအကြိမ်သူမအားသူငယ်ချင်းဖွဲ့ချင်မိသည်။
"အန်နီနာ! သမီးရေ! လာပါဦး"
မိခင်ဖြစ်သူ၏ခေါ်သံကြောင့်ထွက်သွားရပြန်ဦးမည်။ကျောပြင်ငယ်လေးအားနောက်တစ်ကြိမ်အဖြစ်ကြည့်ရန်လှည့်ကြည့်လိုက်သော်လည်းမရှိတော့။ထို့ကြောင့်ထွက်လာရတော့သည်။
"ရွှေ့သမီးလေးကိုမိတ်ဆက်ပေးစရာလေးရှိလို့ပါ"
အန်တီမြ၏စကားကြောင့်မငြိမ့်ချင်သောခေါင်းသည်လည်းငြိမ့်လိုက်ရသည်။
"သမီးမေ၀တ်လွှာ! လာပါဦးကွယ်"
'မေ၀တ်လွှာ' ဟူသောအမည်နာမအားကြားလိုက်ရသော်ငြားယခုအချိန်၌ကြည့်ချင်စိတ်၊မြင်ချင်စိတ်များမရှိ။ သို့သော်မနောစိတ်အတွင်း၌မှတ်သားထားသော 'မေ' ဟူသည့်နာမ်စားကြောင့်ခဏတာအဖြစ်မြင်စေရန်အလို့ငှာကြည့်မိသည်။
အလို!! ခုနကတွဲကတဲ့အမျိုးသမီးလေးပါလား။
နတ်သမီး၊ငေးမော၍မ၀နိုင်သောနတ်သမီးလေးသည် 'မေ၀တ်လွှာ' တဲ့လား။
သူစိမ်းများပြောကြသောမေ၏အလှတရားသည်ထိုထက်မျှအနည်းငယ်ပို၏။မဟုတ်။အနည်းငယ်မဟုတ်။စကြ၀ဠာကြီးမျှလို၏။"သမီး၀တ်လွှာ။ ဒါကမေမေ့သူငယ်ချင်းရွှေထင်ရဲ့သမီးလေ။ အန်နီနာတဲ့"
"မဂ်လာပါ တို့နာမည်ကမေ၀တ်လွှာပါ"
"ဟမ်!! ဟင်!! ဟုတ်ကဲ့။ မဂ်လာပါ။ ကျွန်မကအန်နီနာပါ"
မေ၏နှုတ်ဆက်စကားကြောင့်ငေးနေရင်းမှကမန်းကတန်းနှုတ်ဆက်ရသည်။
အန်နီနာ၏အပြုအမူကြောင့်မေ၀တ်လွှာတိတ်တခိုးရယ်မောပုံလေးကိုတွေ့လိုက်ရသည်။အေးချမ်းသွားပါပြီ။မြင်ရသူဟောဒီလူသား၏ကမ္ဘာကြီးတစ်ခုလုံးငြိမ်းချမ်းသွားရပါပြီမိန်းကလေးရယ်။
***********
အတတ်နိုင်ဆုံးတူအောင်ရေးပေမယ့်လည်းအမှားလေးတွေ၊ အလွဲလေးတွေပါလာခဲ့ရင်တောင်းပန်ပါတယ်။

YOU ARE READING
တစ်ချိန်က၀ယ် . . .
De Todo"ဆုတောင်းမှားတယ်လို့ပဲပြောပြော ၀ဋ်ကြွေးလို့ပဲပြောပြော အန်နာ့ကိုချစ်ခွင့်ရတာကတို့အတွက်အကြိီးမားဆုံးသောဆုလာဘ်တစ်ခုပါပဲ"