"ခြံကအတော်ကျယ်တာပဲနော်"
ခြံတစ်ပတ်နှစ်ယောက်အတူလမ်းလျှောက်နေရင်း မေ၀တ်လွှာကထိုသို့ဆိုသည်။
"အင်း။ စစရောက်တုန်းကဆိုရင်ဘယ်လောက်တောင်ကျယ်လဲဆိုပြီးလိုက်ပတ်ကြည့်မိတဲ့အထိပဲ"
"၀ါးးးး ဒါဆို ဟောဒီကအန်နာကသူဌေးမလေးပေါ့"
"သူဌေးမလေးတော့လည်းမဟုတ်ပါဘူးမေရယ်။ အဖေ့ကြောင့်သူဌေးသမီးလေးဖြစ်နေရုံပါ"
"အပိုတွေပါ။ အန်နာ့လစာနဲ့တင်အိမ်ကောင်းကောင်းတစ်လုံးလောက်အေးဆေး၀ယ်လို့ရတယ်သိတယ်"
"ဒါတော့မြှောက်လွန်းအားကြီးပါပြီ"
"မမြှောက်ရပါဘူးနော်။ တကယ်ပါ"
"အန်နာတို့လိုလူမျိုးတွေကျနည်းနည်းပဲလုပ်ပြီးများများရပေမယ့်တို့မြန်မာတွေကတော့အားကုန်အောင်လုပ်ရပေမယ့်နည်းနည်းပဲရတယ်။ ရတဲ့နည်းနည်းလေးကလည်းအခွန်ကိုပေးရလွန်းလို့ကုန်သွားရော။ ဒါတောင်အခွန်တွေကကျန်သေး။ ဒီလိုနဲ့ရှိတဲ့လယ်လေးတွေကိုပေါင်ကြရတယ်။ နောက်ကြာလာတော့ပြန်မရွေးနိုင်ပဲလယ်တွေမြေတွေဆုံးရှုံးသွားကြတယ်"
"ဒီလိုတို့မြန်မာတွေကကိုယ့်မြေကိုဆုံးရှုံးရတဲ့အချိန်မှာအန်နာတို့လိုမျက်နှာဖြူတွေကမြေတွေအများကြီးပိုင်နေကြတယ်။ တို့မြန်မာလူမျိုးတွေကတော့ကိုယ့်တိုင်းပြည်မှာနေပါလျက်အိမ်မရှိယာမရှိနဲ့။ မဖြစ်သင့်လိုက်တဲ့ဖြစ်ခြင်း"အထက်ကောင်းကင်ယံကိုကြည့်လျက်ပြောနေသောမေ၀တ်လွှာ၏မျက်၀န်းတွင်၀မ်းနည်းရိပ်များကိုသာတွေ့ရသည်မဟုတ်။ မိမိတို့လိုမျက်နှာဖြူလူမျိုးများအားမုန်းတီးစိတ်များကိုလည်းတွေ့ရသည်။
"ကဲပါလေ။ ဒီအကြောင်းတွေမပြောကြတာပေါ့"
"အဲ့သလိုလား"
"ဟင်!! "
ရွဲ့သလို ခနဲ့သလိုလေသံဖြင့်ပြောသောမေ၀တ်လွှာကြောင့်အန်နီနာကြောင်သွားမိသည်။
"တစ်ခြားအကြောင်းရာတွေကိုပြောချင်လို့လား။ ရပါတယ်"
"ဟို ..... မနေ့မေ့အိမ်မှာတွေ့တဲ့တစ်ယောက်လေ"

YOU ARE READING
တစ်ချိန်က၀ယ် . . .
Diversos"ဆုတောင်းမှားတယ်လို့ပဲပြောပြော ၀ဋ်ကြွေးလို့ပဲပြောပြော အန်နာ့ကိုချစ်ခွင့်ရတာကတို့အတွက်အကြိီးမားဆုံးသောဆုလာဘ်တစ်ခုပါပဲ"