"ဒါကကျွန်တော့်သမီးလေ။ အန်နီနာတဲ့"
"တွေ့ရတာ၀မ်းသာပါတယ်"
မနက်မိုးလင်း၍ပြင်ဆင်ပြီးကတည်းကထိုစကားတစ်ခွန်းကိုသာထပ်တလဲလဲပြောမေရသည်မို့အတော်လည်းစိတ်ကျဥ်းကျပ်မိသည်။
အဖေ့ကိုကြည့်ရသည်မှာလည်းပထမဆုံးသောနှုတ်ဆက်ခြင်းမို့အပြုံးတုကိုတစ်နေ့လုံး၀တ်ဆင်နေရသည့်ဟန်။
"ကျွန်မကိုသွားခွင့်ပြုပါဦး"
တိုင်းပြည်အုပ်ချုပ်ရေးပိုင်းသို့စကားရောက်လာကြသည်မို့ထိုစကား၀ိုင်းမှထွက်လာခဲ့သည်။
အဖိုးထံသို့လည်းပြန်ချင်သလိုမနေ့ကတွေ့ခဲ့သောအမျိုးသမီးကိုလည်းပြန်လည်ကာထပ်မံတွေ့ချင်သေးသည်။
မသိလိုက်တဲ့အချိန်အတွင်းမှာကိုဖမ်းစားနိုင်လွန်းပါလားအမိရယ်။"သမီးရေ လာပါဦး"
နောက်တစ်ကြိမ်ထပ်မံခေါ်နေပြန်သည်။ထို့ကြောင့်သွားရပြန်ဦးမည်။
"ဒါကကျွန်တော့်သမီး အန်နီနာတဲ့"
"တွေ့ရတာ၀မ်းသာပါတယ်"
ယခုတစ်ခေါက်မိတ်ဆက်သောလူကြီးသည်အဂ်လိပ်လူမျိုးလည်းမဟုတ်။မြန်မာလူမျိုးတစ်ဦးပင်။
"အစ်ကိုတို့ညကျရင်ကျွန်တော်တို့အိမ်ကိုလာခဲ့ပါဗျာ"
"ညဘက်ပါတီလေးပေါ့""ဟုတ်ပါပြီ"
"ဪ! ဒါနဲ့အစ်ကို့အမျိုးသမီးနဲ့တူတူသမီးကိုပါခေါ်လာလိုက်ပါလား"
"သမီးကိုပါ??? "
"အချစ် ...အဲလေရွှေကသူ့သူငယ်ချင်းမြနဲ့စကားပြောချင်သေးတယ်လို့ပြောတယ်ဗျ"
"သူလည်းသူငယ်ချင်းနဲ့စကားပြော။ ကျွန်တော်တို့လည်းဟိုအကြောင်းဒီအကြောင်းပြောကြမယ်လေ။ သမီးနှစ်ယောက်ကတော့ရင်းနှီးမှုယူပါစေပေါ့ဗျာ""ကောင်းတာပေါ့။ ဒါဆိုလာခဲ့ပါ့မယ်"
"အခုတော့သွားလိုက်ဦးမယ်ဗျာ""ကောင်းပါပြီ"
ထိုလူကြီးသည်ပြုံးလျက်ထွက်သွားသည်။
"အဖေ! အန်နီပြန်လို့ရပြီလား"
"ဘာဖြစ်လို့တုန်းသမီးရ"

YOU ARE READING
တစ်ချိန်က၀ယ် . . .
عشوائي"ဆုတောင်းမှားတယ်လို့ပဲပြောပြော ၀ဋ်ကြွေးလို့ပဲပြောပြော အန်နာ့ကိုချစ်ခွင့်ရတာကတို့အတွက်အကြိီးမားဆုံးသောဆုလာဘ်တစ်ခုပါပဲ"