"ဖြည်းဖြည်းစားစမ်းပါဟာ"
"စားကောင်းလိုက်တာဟာ။ ဘယ်လိုတောင်လဲ"
"စားကောင်းတယ်ပေါ့"
"ဒါပေါ့"
"ငတ်လိုက်တာဟယ်ရီရာ။ ရက်ပေါင်းများစွာမစားခဲ့ရသလိုပဲ"
ဘုတ်
"Harry! နာတယ်ဟ""နာအောင်ရိုက်တာပါဆို နာမှာပေါ့။ ဘာလဲ။ သူများကိုငတ်တယ်လေးဘာလေးနဲ့။ မွေးနေ့ရှင်ကောဟုတ်ရဲ့လား"
"ဟုတ်တယ်လေမွေးနေ့ရှင်။ ဘာလဲ။ ဟိုမှာနေတာများပြီးငါ့မွေးနေ့တောင်ကောင်းကောင်းမမှတ်မိတော့ဘူးလား"
"ချီးကိုမမှတ်မိစရာလား"
"မသိပါဘူး။ မသိဘူးလားလို့"
"မသိရင်ငါက ... wow! ချောလိုက်တာ"
"ဟင်! ဘယ်မှာလဲ"
Harry ငေးနေရာကိုကြည့်မိတော့ချိုမြကိုတွေ့လိုက်ရသည်။ ချိုမြသည်ဆံနွယ်များကိုတရုတ်ဆံထိုးလေးတစ်ခုဖြင့် မြင့်မြင့်ကလေးထုံးထားသည်။ အန်နီနာပေးထားသောအဖြူရောင်မြန်မာချည်၀တ်စုံလေးသည်ချိုမြနှင့်လိုက်ဖက်လှပေသည်။ Harry ပြောသကဲ့သို့ပင်ချိုမြသည်ချောမောလှပလွန်းလှသည်မှာကလေးတစ်ယောက်မိခင်ဟုထင်ရက်စရာမရှိပါလေ။
"ဟေး! "
ချိုမြ အန်နီနာ့ကိုတွေ့စေရန်အလို့ငှာ လက်ပြကာလှမ်းခေါ်မိသည်။"ဟဲ့"
Harry သည်လက်ပြကာခေါ်နေသောအန်နီနာ၏လက်ကိုဖမ်းကာတားလေသည်။"နင်ရူးနေလား။ ဟိုမှာမြင်သွားမှာပေါ့"
"မြင်အောင်ပဲလုပ်တာလေ"
"ဟိုင်း""ဟိုင်း"
"ဒီမှာထိုင်လိုက်လေ"
"အင်း"
"ဟ ..... ဟ ..... ဟိုင်း"
Harry ခမျာ စကားအထစ်ထစ်နှင့်နှုတ်ဆက်လေသည်။
Harry သည်ယောကျ်ားလေးစိတ်၀င်စားသူမဟုတ်။ ဤအကြောင်းကိုစခင်ကတည်းကအန်နီနာအားပြောပြပြီးသားပင်။ ထို့ကြောင့်မိန်းကလေးစိတ်၀င်စားသူလားဟုမေးပြန်တော့မဟုတ်ဘူးဟုဖြေပြန်သည်။ သူမ ပုံစံအရမိန်းကလေးစိတ်၀င်စားသူဟုဖွင့်ပြောရန်မှာ ပတ်၀န်းကျင်ကိုကြောက်နေဟန်ရှိသည်။

YOU ARE READING
တစ်ချိန်က၀ယ် . . .
Diversos"ဆုတောင်းမှားတယ်လို့ပဲပြောပြော ၀ဋ်ကြွေးလို့ပဲပြောပြော အန်နာ့ကိုချစ်ခွင့်ရတာကတို့အတွက်အကြိီးမားဆုံးသောဆုလာဘ်တစ်ခုပါပဲ"