"ရှင်နဲ့ကျွန်မနဲ့ကအခုလို Surpise လုပ်ရအောင်ထိရင်းနှီးတဲ့ဆက်ဆံရေးမဟုတ်ဘူးဆိုတာသတိရပါ"
"အန်နီလေးပြောသလိုဆက်ဆံရေးရအောင်ကြိုးစားမယ်ဆိုရင်ကော"
အန်နာထောင်းခနဲဒေါသထွက်သွားရသည်။ဒီလူဘယ်လိုလူပါလဲ။
"မဖြစ်နိုင်တာတွေမပြောစမ်းနဲ့""ဖြစ်နိုင်ပါတယ် အန်နီလေးသာစိတ်ရှိရင်ပေါ့"
"no!! ကျွန်မကတော့မဖြစ်ချင်ပေါင်"
"ဘယ်လိုဖြစ်နေပါစေ ကိုယ်ကတော့ရအောင်ကြိုးစားမှာပဲ ကိုယ်တို့ဖခင်နှစ်ယောက်ရဲ့ရာထူးတွေကလုံး၀ဆက်ဆံရတာတွေပဲလေ"
အတော်စိတ်ညစ်ဖွယ်ကောင်းလှသောထိုလူသား။ဖြစ်နိုင်လျှင်အမဲလိုက်သေနတ်ကိုဇွတ်ခနဲယူကာပစ်သတ်လိုက်ချင်သည်။ဘယ့်နှယ် စကားများလိုက်ပါဘိ။
"အန်နာ တို့သွားတော့မယ်နော်""အဲ .... နေပါဦးမေရဲ့"
ဂျင်မီနှင့်စကားပြောနေရာမှကမန်းကတန်းပင်သွားကာတားမိသည်။
"ပြန်တော့ဖို့လား"လက်ကိုထိကိုင်လိုက်သောတစ်ခဏ။အန်နာ မိမိလက်ကိုကိုင်လိုက်သောအချိန်တစ်ခဏသည်ကမ္ဘာကြီးတစ်ခုလုံးရပ်တန့်သွားသယောင်။ အန်နာအားကြည့်လိုက်သောအခါသူမမျက်၀န်းများသည်၀တ်လွှာအားမပြန်သေးရန်အသနားခံနေသည်။
ဘယ်လိုတောင်လူကိုဖမ်းစားနိုင်ခြင်းပါလဲ။"အင်း တို့ပြန်တော့ဖို့"
"မပြန်ပါနဲ့ဦးလားမေရယ်"
သနားစဖွယ်မျက်နှာထားလေးနှင့်တောင်းဆိုနေသောအန်နာ။သနားစဖွယ်ထက်ချစ်စဖွယ်ကောင်းလိုက်ပါဘိ။၀တ်လွှာ အန်နာနှင့်တစ်ခုနကစကားပြောနေသူကိုကြည့်လိုက်သည်။
ဆံပင်များကိုလက်ဖြင့်သပ်တင်လျက်အကျီကိုပူ၍လေ၀င်လေထွက်လုပ်နေဟန်ဖြင့်ဆိုဒ်ထုတ်နေသောထိုအနောက်တိုင်းသား။လုံး၀မျက်မုန်းကျိုးဖွယ်အတိ။ကြည့်သည့်အကြည့်များဟာလည်း၀တ်လွှာအတွက်စိတ်အတော်အိုက်စေသည်။သို့သော်သူမလေးလည်းအဆင်မပြေသောကြောင့်တောင်းဆိုနေသည်ဟုထင်မိသည်။ထို့ကြောင့်
"တို့ပြန်ရဦးမယ်လေ အန်နာရယ်"
YOU ARE READING
တစ်ချိန်က၀ယ် . . .
Random"ဆုတောင်းမှားတယ်လို့ပဲပြောပြော ၀ဋ်ကြွေးလို့ပဲပြောပြော အန်နာ့ကိုချစ်ခွင့်ရတာကတို့အတွက်အကြိီးမားဆုံးသောဆုလာဘ်တစ်ခုပါပဲ"