15

90 4 0
                                    

"သမီး အန်နီ"

"ဟုတ်ကဲ့အဖေ"

"အဖေအလုပ်ကိစ္စလေးတစ်ချို့ကြောင့်အရင်ပြန်နှင့်တော့မယ်"

"ဒါဆိုအန်နီကကော"

"အန်နီ့အတွက်ကားထားပေးခဲ့မယ်"

"ဒါဆိုအဖေကကော"

"အဖေ ဆရာ့ကားနဲ့မန္တလေးဘက်ခဏသွားရမယ်"
"အဲ့ဒါသမီးအမေကိုပြောလိုက်နော်။ နောက်နေ့မှပြန်ရောက်ချင်ပြန်ရောက်မယ်လို့။ အစားလည်းအချိန်မှန်စားလို့။ နောက်ပြီး ... "

"၀ိုး ၀ိုး သွားမှာက ခဏပဲဆို။ မှာနေတာကြီးကတစ်လလောက်ခွဲရမလို၊ တစ်နှစ်လောက်ခွဲရမလိုပဲ"

"ဟုတ်သလိုပဲနော်"

"ဟုတ်ကိုဟုတ်နေတာ"

"ဟုတ်ပါပြီ။ ဒါဆိုသွားပြီနော်"

ခေါင်းကိုအသာအယာငြိမ့်ပြလိုက်သည်။ ထို့နောက်ထွက်သွားသောဖခင်နောက်ကျောကိုကြည့်ရင်းစိတ်ထဲမှပြောမိသည်မှာ
လင်မယားနှစ်ယောက်လွယ်ကိုမလွယ်ဘူး။

••••••

"ဟော အန်နီ။ ရုံးဆင်းပြီလား"

"ဟုတ်ပါတယ်"

"တစ်ယောက်တည်းပြန်ဖို့လား"

"ဘယ်နှယောက်တွေ့လို့မေးတာလဲဂျင်မီ"

"မဟုတ်ပါဘူး။ ဒီတိုင်းပြောတာပါ"
"တစ်ယောက်တည်းဆိုကိုယ်လိုက်ပို့ပေးပါရစေ"

"မလိုပါဘူး"

"လိုက်ပို့ပေးပါရစေ။ အန်နီတစ်ယောက်တည်းကိုစိတ်မချလို့ပါ"

"ကျွန်မကိုစိတ်မချရအောင်ကျွန်မကဘာတွေချို့တဲ့နေလို့လဲ"

"ဘာမှမချို့တဲ့ပါဘူး။ အန်နီကချောမောလှပတဲ့နတ်သမီးလေးတစ်ပါးမို့တစ်ခြားသူတွေနှောင့်ယှက်မှာစိုးရိမ်တယ်"

"ဘယ်သူမှကျွန်မကိုမနှောင့်ယှက်နိုင်ပါဘူး"

"တစ်ထစ်ချကြီးပြောလို့မှမရတာအန်နီရယ်"

"ကျွန်မကိုယ့်အန္တရယ်ကိုကိုယ်ကာကွယ်တတ်ပါတယ်။ ဒါကြောင့်စိတ်ပူပေးစရာမလိုပါဘူး"

"အန္တရယ်ဆိုတာကြိုမြင်ရတာမှမဟုတ်တာ။ ပြီးတော့အရေးနဲ့အကြောင်းနဲ့ဆိုရင်တစ်ယောက်နဲ့အများဖြစ်နေနေရင်အန်နီပဲ ..... "

တစ်ချိန်က၀ယ် . . .Where stories live. Discover now