"ပစ္စည်းတွေအကုန်ထည့်ပြီးပြီလား"
"ဟုတ်ကဲ့ပါဆရာကတော်။ အကုန်ထည့်ပြီးပါပြီ"
"ဒါဆိုလည်းပြီးရော။ ရွှေတို့ရောအဆင်သင့်ဖြစ်ပြီလား"
"အဆင်သင့်ပါရှင်။ မြကသွားကြစို့ လို့ပြောတာကိုစောင့်နေတာ"
"ဪ ဟုတ်လား။ ဒါဆိုသွားကြစို့"
ထိုသို့ဖြင့်ဆလွန်းကားငယ်လေးနှစ်စီးသည်ရွာငယ်လေးဆီသို့ဦးတည်လာခဲ့ကြသည်။ ပျဥ်ထောင်အိမ်ရှည်ရှည်နက်နက်ကြီးတစ်အိမ်ရှေ့၌ကားနှစ်စီးလုံးရပ်တန့်သွားသည်။ သွားခဲ့သည့်လမ်းတစ်ယောက်ဖုန်တွေ၊ သစ်ပင်တွေ၊ ချုံပုတ်တွေသာရှိခဲ့သဖြင့်အန်နီနာနေရမည့်နေရာသည်ချောင်ကျသောနေရာ၊ သိမ်နုတ်သောနေရာဟုသာထင်ခဲ့မိသော်လည်းလက်တွေ့မူခမ်းနားလွန်းလှသည်။ ခြံအရှေ့အကျယ်ကြီး၌ပန်းပင်များကိုပန်းအိုးမပါဘဲမြေပေါ်၌သာချစိုက်ထားသည်။ ပန်းကတော့အမျိုးစုံပါသည်။ စံပယ်၊ စကြာ စသဖြင့်ပေါ့။ ခြံစည်းရိုးကပ်ရပ်တွင်တော့သရက်ပင်နှင့်တရုတ်စကားပင်ရှိသည်။ ရေနံချေးသုတ်ထားသောထိုအိမ်ကိုကြည့်ပြီးတွေးမိသည်မှာ
ချိုမြတို့လည်းမြင့်မြင့်ထဲကပဲ"Awesome! "
"Do you like it; Anne? "
"Of course Mother "
"Okay"
အ၀တ်ထုတ်များကိုသယ်ပေးရန်လူမရှိသောကြောင့်အန်နီနာကိုယ်တိုင်သာအထုတ်သယ်လာခဲ့ရသည်။ မိမိ၏အထုတ်သာမကမိခင်၏အထုတ်ပါသယ်ရတော့အတော်ပင်ပန်းရသည်။ မေ၀တ်လွှာတို့ကိုမူအသားမည်းမည်းနှင့်လူတစ်ယောက်သယ်ပေးသည်။ ကြည့်ရတာရွာသားတစ်ယောက်ဖြစ်ပေလိမ့်မည်။
"နောက်လည်းလိုတာရှိရင်ပြောပါ"
"ကောင်းပါပြီ"
"Are you tired"
"Very"
သားအမိနှစ်ယောက်စကားပြောနေစဥ်ပင်အိမ်ထဲမှအမျိုးသမီးတစ်ယောက်ထွက်လာသည်။ ပုံစံအရအမေတို့နှင့်သက်တူရွယ်တူမျှသာရှိပေလိမ့်မည်။
"ရောက်နေကြပြီလား"
"ဟုတ်ကဲ့မမိုး။ အခုလေးတင်ပါပဲ"
"ဒါကမြရဲ့သူငယ်ချင်းလေ"
YOU ARE READING
တစ်ချိန်က၀ယ် . . .
Random"ဆုတောင်းမှားတယ်လို့ပဲပြောပြော ၀ဋ်ကြွေးလို့ပဲပြောပြော အန်နာ့ကိုချစ်ခွင့်ရတာကတို့အတွက်အကြိီးမားဆုံးသောဆုလာဘ်တစ်ခုပါပဲ"