"မေ! စီးရတာသက်တောင့်သက်သာကောရှိရဲ့လား"
"တို့ ခါးရိုးနည်းနည်းနာလာသလိုပဲ"
"အန်နာ့ကိုမှီလိုက်လို့ရတယ်လေမေ"
"ဖြစ်ပါ့မလားကွယ်"
"ဖြစ်ပါတယ်မေရဲ့။ အေးအေးဆေးဆေးလှဲလိုက်ပါ။ ဒါမှအခုလိုဖြေးဖြေးမှန်မှန်လေးစီးတဲ့အချိန် ကောင်းကောင်းမွန်မွန်စီးနိုင်မှာလေ"
"ဒါဆိုတို့အားမနာတော့ဘူးနော်"
ထိုစကားအပြီး၌ အန်နီနာ့ရင်ခွင်ထဲ၀င်ရောက်လာသောခန္တာငယ်လေးတစ်ခု။ မေ၀တ်လွှာသည်အန်နီနာနှင့်အရပ်သိပ်မကွာသည့်တိုင်အနည်းငယ်သောကွာခြားချက်ကြောင့်ပုသယောင်ရှိနေသည်။
ထိုတောင်ကုန်းထိပ်လေးဆီစတင်ဦးတည်သွားသောအချိန်မှ ထိုနေရာလေးသို့ရောက်ရှိသည်အထိ။ ထိုအချိန်အခိုက်အတန့်လေးသည်အန်နီနာဘ၀တစ်သက်တာအတွက်အကောင်းဆုံးသောအချိန်အခိုက်အတန့်လေးဖြစ်လာခဲ့ပေသည်။
•••••
"ဒီနေရာလေးကလေလေးတဖွေးဖွေးနဲ့။ ကောင်းလိုက်တာ"
"ဟုတ်တယ်နော်"
"ပြောရရင်ဒီနေရာကအန်နာ့ရုံးနဲ့ေ၀းတယ်မဟုတ်လား"
"ဟုတ်တယ်မေ။ ဒီနေရာကတစ်သီးတစ်ခြားနေရာလေးလိုဖြစ်နေတာ"
"ရန်ကုန်မြို့ကြီးမှာအန်နာတို့အတွက်ကောင်းပေ့ဆိုတဲ့နေရာတွေ၊ အိမ်တွေအများကြီးပဲဟာ။ အဲ့ဒါကိုဘာလို့ဒီလိုနေရာမျိုးမှာနေရတာလဲ"
"မေကလည်း။ အခုဆိုကြည့်။ တောင်ကုန်းတွေဘာတွေနဲ့။ ဒီလောက်ကောင်းတဲ့ဟာ"
"ဒီလိုနေရာကိုအန်နာ့ဖေဖေကဘယ်လိုစိတ်ကူးနဲ့၀ယ်လိုက်တာလဲမသိဘူးနော်"
"အမေပြောတာတော့အရင်ကဒီနေရာမှာအမေနေခဲ့တာတဲ့။ ကွာသွားတာဆိုလို့ခြံလေးနည်းနည်းကျယ်အောင်ခြံပို၀ယ်လိုက်ပြီးအခုလိုအိမ်အသစ်ဆောက်လိုက်ရုံတဲ့"
"ဒါဆိုအန်နာကော။ တောထဲကအကောင်တွေအိမ်လာမှာမကြောက်ဘူးလား"
"မကြောက်ပါဘူးမေရဲ့။ မြန်မာနိုင်ငံကအကောင်တွေလောက်ကအန်နာသနားတောင်သနားသေး"

YOU ARE READING
တစ်ချိန်က၀ယ် . . .
Random"ဆုတောင်းမှားတယ်လို့ပဲပြောပြော ၀ဋ်ကြွေးလို့ပဲပြောပြော အန်နာ့ကိုချစ်ခွင့်ရတာကတို့အတွက်အကြိီးမားဆုံးသောဆုလာဘ်တစ်ခုပါပဲ"