"မမလေး ၀တ်စုံအဆင်သင့်ဖြစ်ပါပြီ"
အန်နီနာ၀တ်စုံကိုကြည့်၍မပြုံးစဖူးပြုံးမိသွားသည်။
ကြက်သွေးရောင်၀တ်စုံဟာအန်နီနာ့ရှေ့၌ရဲရင်တြည်ကြည်မှု
အပြည့်နှင့်ရပ်တည်နေသယောင်။"မမလေးကြည့်ရတာသဘောကျတဲ့ပုံပဲ"
အန်နီနာပြုံးသည်ကိုအမိအရမြင်သွားသောအထိန်းတော်ကြီးကထိုသို့ဆိုသည်။
"ချုပ်ထားတာသေသပ်ပြီးကောင်းသား"
အကျီကိုကိုင်ကာဆိုသည်။
"အထိန်းတော်ကြီးကိုယ်တိုင်ဒီအရောင်ရွေးထားတာမလား"
"ဟုတ်ကဲ့"
"အပ်ချုပ်သမနဲ့အထိန်းတော်ကြီးအတွက် ရော့"
ဗီရိုအတွင်းမှအံဆွဲကိုဖွင့်ကာအနည်းငယ်သေးငယ်သောရွှေထုတ်အားပေးလိုက်သည်။
"ရပါတယ်မမလေးရဲ့။ အထိန်းတော်ကြီးကဒီအတိုင်းရွေးပေးရုံပါ။ မမလေးကျေနပ်တယ်ဆိုတာနဲ့တင်ကျေနပ်ပါပြီ"
"ရပါတယ်ယူပါ။ ဒါအဖေတို့ပေးထားတဲ့ငွေမဟုတ်ဘူး။ ကျွန်မပြိုင်ပွဲကနေဆုရထားတာတွေ"
အထိန်းတော်ကြီးတို့အားပေးသောထိုငွေများသည်စန္ဒယားပြိုင်ပွဲမှရရှိထားသောဆုငွေများပင်။ထိုအချိန်ကအုပ်ချုပ်သူဘုရင်ကြီးလည်းနှစ်ခြိုက်သဖြင့်ဆုတော်များထပ်မံပေးအပ်ခဲ့သေးသည်။
"ဟုတ် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်မမလေး"
"အဖိုးတို့သွားပြီလား"
"ခဏနေသွားတော့မှာပါမမလေး"
"ကျွန်မလည်းသွားတော့မယ်။ ကျွန်မအတွက်သွားစရာပြင်ထားနှင့်ပါ"
"မမလေး"
"ပြောလေအထိန်းတော်ကြီး"
"ကားနဲ့သွားမှာလားဟင်"
"ကားနဲ့မသွားလို့ကျွန်မကခြေလျင်လျှောက်ရမှာလား"
{ကိုလိုနီခေတ်ထိုအချိန်ကကားများရှိနေပါပြီ။သို့ရာတွင်အလွန်ချမ်းသာသူများသာထိုကားများကို၀ယ်စီးနိုင်သည်}

YOU ARE READING
တစ်ချိန်က၀ယ် . . .
Random"ဆုတောင်းမှားတယ်လို့ပဲပြောပြော ၀ဋ်ကြွေးလို့ပဲပြောပြော အန်နာ့ကိုချစ်ခွင့်ရတာကတို့အတွက်အကြိီးမားဆုံးသောဆုလာဘ်တစ်ခုပါပဲ"