7

110 9 0
                                    

"အမေ! "

နိုးလာသည့်အချိန်၌အိမ်အတွင်းမည်သူမှမရှိ။

"တစ်ယောက်မှမရှိတော့ပါလားဟ"

လှေကားတစ်လျှောက်ဆင်းလာရင်းမီးဖိုချောင်ခန်းအတွင်းသို့၀င်လာလိုက်သည်။

~ဗိုက်ဆာလိုက်တာ!! ဘာရှိလဲမသိဘူး

Cupboard ကိုဖွင့်ကြည့်လိုက်စဥ်တွေ့လိုက်ရသည်မှာမုန့်ဟင်းခါး။

မွှေးကြိုင်သောရနံ့၊စားချင်စဖွယ်ဖြစ်လှသောဟင်းအနှစ်တို့ကိုတွေ့လိုက်ရစဥ်စားချင်စိတ်များထိန်းမရအောင်ဖြစ်မိသည်။ထို့ကြောင့်ဇွန်းတစ်ချောင်းအားယူကာဟင်းအနှစ်အရည်ကိုမြည်းစမ်းကြည််သည်။

~စားလို့ကောင်းလိုက်တာ

"အရသာရှိလိုက်ပါပေ့"

ခပ်မြန်မြန်ပင်ပန်းကန်တစ်ချပ်ကိုယူကာမုန့်ဖက်များနှင့်ဟင်းအရည်များထည့်ရင်းစားသောက်တော့သည်။

တစ်ပန်းကန်မက နှစ်ပန်းကန်မက။သုံးပန်းကန်ပင်စားမိသည်။တစ်ခါမျှထိုမျှလောက်ထိသုံးပန်းကန်မစားမိ။အများဆုံးမှနှစ်ပန်းကန်ပင်။

"ဪအန်နီလေးကစားတောင်စားနေပြီလား"

ပါးစပ်အတွင်းပလုပ်ပလောင်းဖြစ်နေချိန်၌ဒေါ်ရွှေထင်ရောက်လာကာမေးသည်။

"ဟုတ်အမေ စား နေတာ"

ပါးစပ်အတွင်းအစာများရှိနေသည်မို့အဆင်ပြေအောင်မနည်းဖြေရသည်။

မိခင်ဖြစ်သူ၏ရှေ့မှောက်၌ ပလုပ်ပလောင်းဖြစ်နေခြင်းသည်ထွေထွေထူးထူးမဟုတ်။သို့သော်မကြာမီမြင်လိုက်ရသောနတ်သမီးလေးနှင့်သူမ၏မွေးမိခင်အားတွေ့လိုက်ရသဖြင့်ရှက်မိသွားမိသည်။

အဟွတ် .... အဟွတ် ......

"အန်နီလေး ရရဲ့လား"

"အဟွတ် ဟုတ်"

ကမန်းကတန်းမျိုချရာမှနင်ကာချောင်းဆိုးသွားရသည်။
အဘယ်ကြောင့်အန်နီနာတစ်ယောက်သူမ၏နတ်သမီးလေးရှေ့မှောက်မှထိုသို့အမှားမှားအလွဲလွဲဖြစ်နေပါအံ့နည်း။

"ရေသောက်လိုက်နော်"

"ဟုတ် ဟုတ်ကဲ့"

ကမ်းပေးလာသောရေခွက်ကိုယူ၍သောက်လိုက်သည်။ကမ်းပေးလာသူကိုတော့မကြည့်မိ။

တစ်ချိန်က၀ယ် . . .Where stories live. Discover now