17

99 3 0
                                    

"ကြာပန်း ကြာပန်း"

အိမ်နောက်ဖေးရှိသရက်ပင်အောက်၌ထိုင်ကာတတွတ်တွတ်ပြောရင်းစဥ်းစားနေသော်လည်းမည်သည့်နည်းလမ်းမှမထွက်လာပေ။

"ဟာကွာ အဲ့ကြာပန်းကိုဘယ်ကသွားရှာရမှာလဲလို့။ စိတ်ညစ်လိုက်တာ"

"အစ်မကကြာပန်းကိုလိုက်ရှာနေတာလား"

ရုတ်တရက်သရက်ပင်နောက်မှပေါ်လာသောအသံတစ်ခုကြောင့်အန်နီနာလန့်သွားရသည်။ အသံပိုင်ရှင်ကား၁၀နှစ်ကျော်ကျော်ကလေးငယ်လေးတစ်ယောက်။ အသားညိုပုံအရရွာအနှံ့လိုက်ပတ်ဆော့သောကောင်ကလေးငယ်တစ်ဦးဖြစ်ချေမည်။

"oh god လန့်လိုက်တာ"

"လန့်သွားတာလား"

"လန့်တာပေါ့။ ရုတ်တရက်ကြီးဟာ"

"တောင်းပန်ပါတယ်ဗျ။ ဒါနဲ့အစ်မကကြာပန်းလိုက်ရှာနေတာလား"

"အင်း။ ဘယ်နားမှာရှိလဲသိလားဟင်"

"ဒါလေးများသိတာပေါ့အစ်မရဲ့။ အစ်မကရွာနောက်ပိုင်းကိုသွားရမှာ။ ဒီကနေတည့်တည့်ကိုသာသွားလိုက်။ အဆုံးမှာရေကန်အကြီးကြီးတစ်ခုကိုတွေ့လိမ့်မယ်။ အဲ့မှာကြာပန်းတွေများပေါလို့ပေါ့"

"ဟာ တကယ်လား"

"ဟုတ်"

"သားရောမလိုက်ဘူးလား"

"ဟင့်အင်း။ မလိုက်တော့ဘူး။ သရက်သီးပဲဆက်ခူးဦးဖို့"

"ဪ အင်းပါ။ ဘာပဲဖြစ်ဖြစ်ကျေးဇူးပါသားသားရယ်"

"ရပါတယ်အစ်မရဲ့။ ဒါပေမယ့်သားသရက်သီးခူးနေတာကိုတော့အရီးမိုးကိုမပြောပြနဲ့ပေါ့"

"အင်းပါ။ သွားပြီနော်"

ကောင်ကလေးအားကျေးဇူးတင်စကားပြောကာကောင်လေးပြောရာနေရာထဲသို့လာခဲ့လိုက်သည်။
.....

ကောင်ကလေးပြောရာရွာနောက်ပိုင်းတည့်တည့်သို့သွားလိုက်သောတွေ့ရသည်မှာရေကန်ကြီးတစ်ခု။ ကြာပန်းများပေါကြွယ်၀နေပုံကရေကန်ကြီး၏အလှကိုအလွန်ဖော်ကျူးပေးနေ၏။ ရေတက်နေချိန်ပေမို့ကြာပန်းများ၏အလှမှာလည်းပိုမိုနေပေသည်။

မည်သို့ခူးရမည်ကိုမသိသဖြင့်ပတ်ပတ်လည်ကိုကြည့်မိတော့လှေတစ်စင်းကိုတွေ့၏။ လှေကိုတွေ့သဖြင့်၀မ်းသာအားရဖြစ်မိကာအနားသို့သွားကြည့်မိသည်။ လှော်တက်နှင့်လှော်ရသည့်လှေဖြစ်နေ၍လှော်တက်နှင့်လှော်ရမည်မို့်တစ်ချက်တော့စိတ်ပိန်မိသည်။ သို့သော်လည်း 'မေ့အတွက်'
ဟူသောရည်ရွယ်ချက်တစ်ခုတည်းဖြင့်ကြာပန်းကိုရအောင်ခူးမည်ဟုဆုံးဖြတ်လိုက်သည်။

တစ်ချိန်က၀ယ် . . .Where stories live. Discover now