3

133 10 0
                                    

"မြင်းဇာတ်ကြိုးကိုအဲ့လောက်မဆွဲနဲ့ နည်းနည်းလျှော့"

"အဲ့လောက်မလျော့နဲ့ နည်းနည်းတင်းတင်းဆွဲ"

"ခါးကိုဖြောင့်ဖြောင့်ထား"

အန်နီနာ သူမ၏အဖိုးလုပ်ဆောင်သမျှထဲလိုက်ပါဆောင်ရွက်ရာမှအတော်လည်းတတ်မြောက်လာလေပြီ။
ထို့ပြင်သူမ၏အဖိုးထံမှအလေးပေးခြင်းကိုလည်းခံလာရပြီဖြစ်သည်။
______________
၈ နှစ်အကြာ

"အဖိုး အန်နီတို့သွားတော့မယ်နော်"

"ဒီမှာနေခဲ့လို့မရဘူးလားအန်နီရယ်"

"အန်နီလည်းနေချင်ပါတယ် ဒါပေမယ့်အဖေနဲ့အမေကလိုက်ခိုင်းလို့ပါ"

"ကဲပါလေ ကောင်းကောင်းသွားနော်အန်နီလေး"

"ဟုတ်ကဲ့ပါ"

အန်နီနာ သူမ၏အဖိုးနှင့်နှုန်ဆက်စကားဆိုနေခြင်းပင်။
အကြောင်းကားအန်နီနာ့ဖေဖေသည်မြန်မာနိုင်ငံ၏ဘုရင်ခံအဖြစ်ရာထူးတိုးသွားခြင်းကြောင့်ပင်။

"သွားပြီနော်အဖိုး"

နှုတ်ဆက်စကားနှင့်အတူအနက်ရောင်ထိုကားဟာမြင်ကွင်းမှတဖြေးဖြေးပျောက်ကွယ်သွားတော့သည်။
____________
"မြန်မာပြည်ကိုမရောက်တာတောင်ကြာခဲ့ပြီနော်အချစ်"

"ဟုတ်တယ်နော် အချစ်အတွက်လိုက်လျောပေးလို့ကျေးဇူးပါနော်"

"အချစ်အတွက်ပဲဟာ"

တချစ်ချစ်နှင့်ချစ်နေကြသောသူမ၏မိဘများကြောင့်အတော်လည်းမျက်စိနောက်လာသည်။ထို့ကြောင့်မိဘများရှိရာမှအမြန်ထွက်လာကာ

"ကျွန်မရဲ့အခန်းဘယ်မှာလဲ"

အိမ်ဖော်များသည်မြန်မာလူမျိုးများဖြစ်သလိုအများစုသောမြန်မာလူမျိုးတို့သည်စာမတတ်သူများဖြစ်၍အန်နီနာပြောသည်ကိုနားမလည်။

အန်နီနာလည်းအန်နီနာပါလေ။မြန်မာလူမျိုးများကိုမှအကျင့်အတိုင်းအဂ်လိပ်လိုပြောလိုက်သည်လေ။

"သူ့ရဲ့အခန်းကိုလိုက်ပို့ပေးလိုက်ပါ"

အန်နီနာ မြန်မာဘာသာဖြင့်မပြောခင်ပင်အန်နီနာ၏မိခင်ဖြစ်သူဒေါ်ရွှေထင်ကပြောပေးလိုက်သည်။

တစ်ချိန်က၀ယ် . . .Where stories live. Discover now