"အန်နာ ၀င်လာလေ"
မေ၀တ်လွှာ၏ဦးဆောင်မှုနောက်လိုက်ရင်းမေ၀တ်လွှာ့အခန်းထဲသို့ပထမဆုံးအကြိမ်၀င်ရောက်ဖူးခဲ့သည်။
"တို့အခန်းကပွရှုပ်နေတဲ့အတွက်တောင်းပန်ပါတယ်ကွယ်"
ဒီလောက်သန့်ရှင်းသပ်ရပ်နေသည့်အခန်းကိုပွရှုပ်နေတယ်လို့ပြောသည့်မေ၀တ်လွှာအားအံ့သြမိသည်။ဘယ်လိုတောင်ပြောလိုက်တာလဲမေရယ်။
"ဒီလောက်သန့်ရှင်းတာကိုမေကလည်း"
ခုတင်တစ်လုံးရယ်၊ စားပွဲနဲ့ထိုင်ခုံတစ်စုံ၊နီညိုရောင်ဗီရိုရှည်ရှည်တစ်ခုနှင့်စာအုပ်စင်လေးတစ်ခုရယ်သာရှိသည့်မေ၀တ်လွှာအခန်းဟာသပ်ရပ်လွန်းသည်ထက်ရိုးရှင်းလွန်းသည်ဟုပြောလျှင်မမှား။
"ဟုတ်ရောဟုတ်ရဲ့လားကွယ်။ တို့စိတ်မကောင်းမှာစိုးလို့အခုလိုပြောပေးတာမလား"
"မဟုတ်ပါဘူးမေရယ်။ အမှန်ပါ။ I can swear"
"ဟုတ်ပါပြီကွယ်။ ခုတင်ပေါ်ထိုင်လိုက်နော်။ တို့ကတော့ထိုင်ခုံပေါ်မှာတင်ထိုင်လိုက်ပြီ"
"ကောင်းပါပြီမေရယ်"
"ဒါနဲ့ပြောပါဦး။ ဘယ်လိုသောအကြောင်းအရာလေးကြောင့်များဒီကိုရောက်လာသလဲဆိုတာ"
#နောက်ဆုံးတော့လိုရာကိုရောက်ပြီပဲ#
"ဒီအရာလေးကြောင့်ပေါ့။ သူကအန်နာ့ကိုဒီလာဖို့ဆွဲခေါ်တာ"
စက္ကူအိပ်လေးဖြင့်အသေအချာထုတ်ပိုးထားသောထိုအထုတ်ငယ်လေးကိုပေးလိုက်သည်။
"ဒါကဘာများလဲ"
"သိချင်ရင်ဖွင့်ကြည့်ရမှာပေါ့။ ဒါပေမယ့်တစ်ခုတော့ရှိတယ်နော်။ ဖွင့်ပြီးပြီဆိုတာနဲ့အထဲကအရာလေးကိုလက်ခံပေးရမယ်။ ပြန်မပေးရဘူး"
"ကြောက်တောင်ကြောက်လာပြီရော။ မဖွင့်ရဲတော့ဘူး။ ဘယ့်နှယ်လုပ်ရပါ့"
အသည်းယားစဖွယ်အမူအရာလေးနှင့်ပြောလာသောမေ၀တ်လွှာ။သူမ၏ချစ်စဖွယ်အပြုမူကြောင့်ရယ်မိသည်။
"အန်နာရယ်လိုက်ရင်အတော်လှတာပဲ"
"ရှင်"
ပြောရင်းဆိုရင်းအနားလာထိုင်သောသူမ။အန်နီနာ့ပါးချိုင့်လေးကိုလက်ဖြင့်ထိကြည့်ရင်း

YOU ARE READING
တစ်ချိန်က၀ယ် . . .
De Todo"ဆုတောင်းမှားတယ်လို့ပဲပြောပြော ၀ဋ်ကြွေးလို့ပဲပြောပြော အန်နာ့ကိုချစ်ခွင့်ရတာကတို့အတွက်အကြိီးမားဆုံးသောဆုလာဘ်တစ်ခုပါပဲ"