အပိုင်း ၄ ( ကိုယ်ဖိရင်ဖိသင်ကြားပေး)

35.7K 2.4K 69
                                    

Uni..

The Matching Guys(Part 4)

ခွန်းသန့်နောင် Clubကိုရောက်တော့ Night Light Club လျို့၀ှက်မြေအောက်ခန်းကိုခေါ်သွားလိုက်သည်။
ခြံရံလင်းနဲ့ သူ့လူ၂ယောက်အပြင်...
မာဖီးယားဟုထင်ရသည့်လူ ၁၀ယောက်ခန့်ရှိသည်။

ဒဏ်ရာရထားသည့်၃ယောက်ထဲမှ နှစ်ယောက်မှာသိပ်အခြေအနေမဆိုးလှ...သို့ပေမယ့် ခေါင်းဆောင်ဟုထင်ရသည့်လူလက်ထဲတွင်လှဲနေသော ကောင်လေးမှာတော့ အခြေအနေကပိုဆိုးနေသည်။

" သူ့ကိုအရင်ကြည့်ပေး..."
ခေါင်းဆောင်ဖြစ်ပုံရသောသူက မြန်မာစကားကိုသိပ်မပီသစွာ တိုင်းရင်းသားအသံဖြင့်ပြောလာသည်။

" ခွန်းသန့်နောင် သူ့ကိုအရင်ကုပေးလိုက်ပါ...ကျန်တဲ့နှစ်ယောက်ဒဏ်ရာကသိပ်လည်းမပြင်းဘူး။
ဆေးပစ္စည်းတွေပါတယ်မလား ။ သူတို့ဘာသာကုလို့ရတယ်။ ဒီတစ်ယောက်ကအရေးကြီးလို့"
ခြံရံလင်းကပါ၀င်ပြောလိုက်သည်။

" အင်း...ရော့ဒီမှာလိုအပ်တဲ့ပစ္စည်းတွေယူလိုက်။ အဲ့နှစ်ယောက်ဒဏ်ရာကိုသန့်ရှင်းပြီးချုပ်ပေးလိုက်ရင်ရတယ်။
ပြောပြီး သေနတ်ဒဏ်ရာရထားသည့် ကောင်လေးဆီသွားလိုက်သည်။

ခွဲခန်းသုံးလက်အိတ်ကိုစွပ်လိုက်ပြီး ထိုကောင်လေးဗိုက်ကဒဏ်ရာကို ကြည့်သည်။
ဝမ်းဗိုက်ထဲရှိအဓိကနေရာကိုတွေကိုမထိသော်လည်း ကျည်ဆန်ကအထဲမှာနစ်နစ်နဲနဲစိုက်၀င်နေသည်။

" အား..."

ခွန်းသန့်နောင် ထိကြည့်တော့ ထိုကောင်လေးကအနည်းငယ်ညည်းညူလာသည်။
" sorry...ငါထုံဆေးအရင်ထိုးပေးမယ်"

" မင်း အရင်ကသေနတ်ဒဏ်ရာရောကုပေးဖူးရဲ့လား"
စိုးရိမ်တကြီးမေးလာသူက သေနတ်မှန်ထားသော ကောင်လေးမှီထားသည့်လူဖြစ်သည်။

" အရင်နိုင်ငံခြားမှာအလုပ်သင်ဆင်းတုန်းက လက်တွေ့ကူလုပ်ပေးဖူးတယ်။ အဲ့ဒါကလွဲရင်အခုကပထမဆုံးပဲ။အတက်နိုင်ဆုံးကြိုးစားပေးမယ်ဟုတ်ပြီလား။လောလောဆယ်သွေးထွက်အရမ်းလွန်နေတယ်"

" စောခေါင်လွန်း စိတ်ချပါ ငါ့သူငယ်ချင်းကသေချာကုပေးမှာပါ"
ခြံရံလင်းကလည်း၀င် ပြောနေတုန်း.. အပြင်ဘက်မှရုတ်ရုတ်သဲသဲအသံတွေကြားလိုက်ရတာကြောင့် အကုန်လုံးလှည့်ကြည့်မိသည်။

The Matching Guys (Top)Where stories live. Discover now