အပိုင်း ၃၅ ( တာ၀န်ယူခိုင်းခြင်း)

28K 2.1K 82
                                    

Uni,

The Matching Guys (Part 35)

Hotelတွင် ခွန်းသန့်နောင်နိုးလာချိန်၌ ခွန်သာမှိုင်းကသူ့ဘေးတွင်မရှိချေ။
သူ့ကိုကို ကိုမတွေ့တော့တာကြောင့် ခွန်းသန့်နောင်အလန့်တကြားကောက်ထသည်။

" အားရိုး wtf နာတယ်ဟ"
ခွန်းသန့်နောင်သူ့ခါးသူကိုင်ပြီးညည်းတွားမိလိုက်သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးညောင်းကိုက်နာကျင်နေပြီး အဓိကလျို့၀ှက်နေရာလေးကနာကျင်မှုကတော့ပြောမပြတက်အောင်ပင်။

သို့ပေမဲ့လည်း ဒီကိစ္စကိုခွန်းသန့်နောင်သိပ်အာရုံမလာ ခွန်သာမှိုင်းကိုသာထရှာမိသည်။
" ကိုကို..."ဟုအော်ခေါ်ရင် သူ့ခေါင်းသူကုတ်လိုက်ကာ

" ဘာလား။ချီး..ငါ့ကိုပစ်သွားတာတော့မဟုတ်ပါဘူးနော်။ဒါမျိုးလုပ်လို့ဘယ်ရ... "

" နိုးလာတာနဲ့ ဆူညံနေတာပဲ"
ခွန်သာမှိုင်းကရေချိုးခန်းထဲက နက်ကတိုင်တစ်ခုကိုင်ကာထွက်လာရင်းပြောသည်။
ခွန်သာမှိုင်းက မနေ့ကအဝတ်အစားတွေမဟုတ်ပဲ အသစ်တွေဝတ်ထားတာဖြစ်သည်။

ခွန်းသန့်နောင် ခွန်သာမှိုင်းနားပြေးသွားပြီးဖက်ကာကြောင်ပေါက်လေးလိုခေါင်းတိုးဝှေ့ရင်းပြောသည်။
" အားရိုး ကိုကိုကျွန်တော့်ကိုပစ်သွားပြီထင်နေတာဗျာ"

ခွန်သာမှိုင်းက ကိုယ်တုံးလုံးဖြစ်နေသည့် ခွန်းသန့်နောင်အား တွန်းဖယ်ရင်း
" မနေ့ကအဝတ်တွေ ဝတ်မရတော့ဘူး။ ငါအင်္ကျီအသစ်တွေdeliနဲ့မှာထားတယ် ရေချိုးပြီး၀တ်လိုက်"

" ကိုကိုဘယ်အချိန်ထဲကနိုးနေတာလဲ မနေ့ညကဖြစ်တာကိုရှင်းရှင်းလင်းလင်းမှတ်မိတယ်မလား။ ကိုကိုမမှတ်မိလည်း ကျွန်တော်မှတ်မိတယ်နော် တာ၀န်ယူရမယ် "
ခွန်းသန့်နောင်ကတော့ ပြုံးရင်း အရှက်မရှိစွာဆက်တွယ်ကပ်ရင်းပြောသည်။

" hotelကထွက်ရင် တရားရုံးတက်လက်မှတ်ထိုးလိုက်ကြမလား ကိုကို "

" ဒီနေ့ ဆေးရုံသွားရမှာနော် အရေမရအဖတ်မရတွေမပြောနဲ့။ ဒီနေ့မင်းဆေးရုံမလိုက်ဖြစ်ရင်ငါ့ဘာသာသွားမယ်"

" တာ၀န်ယူမှုမရှိတဲ့ စကားတွေပြောနေတာပဲ ရက်စက်လိုက်တာ"

" ဆက်ပြောနေမယ်ဆိုနေခဲ့တော့ ငါတော့သွားပြီ"

The Matching Guys (Top)Where stories live. Discover now