Uni,
The Matching Guys(Part 9)
စဝ်ခွန်သာမှိုင်းအိမ်ထဲဝင်လာသည်နှင့် ခွန်းသန့်နောင်ကိုအရင်ရှာသည်။ သို့ပေမဲ့ ဧည့်ခန်းတွင် Luggage ၂လုံးသာတွေပြီး ခွန်းသန့်နောင်အားမတွေ့တာကြောင့် အိမ်အတွင်းထဲသို့ဆက်လျှောက်လာခဲ့သည်။
အငြိမ်မနေသည့် ကလေးကမြွေတစ်ကောင်နဲ့တိုင်ပတ်နေလေပြီ။ခွန်းသန့်နောင် သူ့ကိုကိုအားတွေ့သည်နှင့်အားတက်သွားသည်။
" ကိုကို့ကယ်ပါအုံး ဒီကောင်ကျွန်တော့်ပေါ်အတင်းတက်လာတာ"
ပြောသာပြောရသော်လည်း အသံကအရမ်းမကျယ်ရဲချေ။ခွန်သာမှိုင်း ခွန်းသန့်နောင်နားသွားကာ သူ့လည်ပင်းက မြွေအားယူပြီး မှန်ဘောင်ထဲကသစ်ပင်ထံပြန်ပို့လိုက်သည်။
ထိုအခါမှ ခွန်းသန့်နောင်လည်း ပြန်လှုပ်ရှားရဲကာ ခွန်သာမှိုင်းကိုယ်ပေါ်ခွတက်ကာဖက်သည်။
" အားရိုး ကျွန်တော်တော့သေပြီထင်နေတာ။လန့်ပြီးခြေထောက်တောင်အားမရှိတော့ဘူး "ခွန်သာမှိုင်း ခွန်းသန့်နောင်အားဆူကာ သူ့ကိုယ်ပေါ်မှဖယ်ရန်လုပ်တုန်း ခွန်းသန့်နောင်၏ခန္ဓာကိုယ်မှာအဖျားနည်းနည်းပြန်တက်၍နွေးနေပြန်တာကြောင့် စိတ်ထိန်းလိုက်သည်။
ပြီးနောက် အေးတိအေးစက်အသံဖြင့်
" ငါဘာမှာထားလဲ အိမ်ထဲရောက်ရင်ငြိမ်ငြိမ်လေးထိုင်နေပါလို့မပြောဘူးလား"
ခွန်သာမှိုင်း ပြောရင်း ခွန်းသန့်နောင်ကိုချီပြီး ဆိုဖာဆီသွားကာ ချပေးလိုက်သည်။" ကျွန်တော်လည်းအစက ငြိမ်ငြိမ်လေးနေနေတာပါ …နောက်မှပျင်းလို့လမ်းလေးလျှောက်တာ တကယ်ဘာပစ္စည်းမှလျှောက်မကိုင်ဘူး။ ကိုကိုကေမြွကိုအိမ်ထဲမွေးထားမယ်လည်းမထင်ဘူးလေဗျာ။ အဲ့ကောင်ကအနောက်ကနေ ကျွန်တော်ပေါ်တက်လာတာ။"
ခွန်းသန့်နောင်အဆူခံရမည်ဆို၍ ကာကွယ်ပြောနေသော်လည်း ခွန်သာမှိုင်းပြန်ပြောသည်က" ညနေဆေးသောက်ပြီးပြီလား…"
" နေ့လည်ကသောက်ထားတယ် ပျောက်လည်းပျောက်နေပြီမို့ဆက်မသောက်…"
" ခွပ်…"
" အား…"
ခွန်သာမှိုင်း ခွန်းသန့်နောင်ခေါင်းကိုခေါက်လိုက်တာဖြစ်သည်။
ŞİMDİ OKUDUĞUN
The Matching Guys (Top)
Romantizmစဝ်ခွန်သာမှိုင်း🖤 စိုင်းခွန်းသန့်နောင် Start Date[19.5.2023] End Date [16.11.2023] 1 to 80 (Completed)