အပိုင်း ၆၇ ( နေမကောင်းေသာ ကောင်ဆိုးလေးအားအလိုလိုက်)

23.7K 1.9K 190
                                    

Uni,

The Matching Guys (Part 67 )

ထက်ဝေဦး အိမ်ကိုအနည်းငယ်သန့်ရှင်းပေးပြီးနောက်
ခြံရံလင်းနိုးလာလျှင် စားဖို့ကြက်ပေါင်းစွပ်ပြုတ်လေးလုပ်ပေးနေသည်။

အနည်းငယ်ပေါ့သယောင်ရှိတာမို့ ဆားလေးထပ်ထည့်ပြီး ပြန်မြည်းကြည့်သည်။

" အင်း အတော်ပဲ။ သူ့ကိုနိုးလိုက်ရတော့မလား မသိဘူး"

ပြောတုန်း ခြံရံလင်းကသူ့အား အနောက်ကနေလာဖက်သည်။

" နိုးလာပြီလား"

" အင်း အခုပဲ။ ဒေါက်တာ ဘာချက်နေတာလဲ?"

" ကြက်ပေါင်းစွပ်ပြုတ် သောက်တော့မလား"
ေမးရင်း ကိုယ်ကိုလှည့်ကာ ခြံရံလင်းနဖူးကိုစမ်းသည်။

" ကိုယ်ပူကသိပ်မကျသေးဘူးပဲ။ စားပြီးဆေးထပ်သောက်ရအောင်။
တစ်ခြား မအီမသာခံစားနေရတာမျိုးရော ရှိသေးလား"

" မရှိပါဘူး မနက်တုန်းကထက် အခြေအနေအများကြီးကောင်းတယ်"

ခြံရံလင်း ကြက်ပေါင်းစွပ်ပြုတ်သောက်နေတုန်း ထက်ဝေဦးက
အရုပ်ပြန်တောင်းသည်။

" ငါ့ကို ဟိုBanana Keychain ပြန်ပေးတော့"

" ဟင် ဘာလို့လဲဗျာ...ဒေါက်တာ့မှာအများကြီး ရှိတဲ့ဟာ"

" ခွန်းသန့်နောင် ဒီနေ့ငါ့ကိုလာမေးတယ်။ ငါတို့နှစ်ယောက်တွဲနေတာလားတဲ့"

" ဘာ တကယ်လား။ဒီကောင်ကတော့ ဘာတွေရိပ်မိနေတာလဲ"

" ငါထင်တာ ငါတို့ပိုသတိထားရမယ်ထင်တယ်"

" ကျွန်တော်သူ့ကို ကြည့်ပြောလိုက်ပါ့မယ်။ဒေါက်တာ မထိခိုက်စေရဘူး"

ထက်ဝေဦး ကသိပ်မဖြစ်နိုင်တဲ့ပုံဖြင့်ခေါင်းခါပြရင်း
"ဘယ်လိုပြောမှာလဲ သူကလိမ်လို့ရမဲ့ပုံမပေါ်ဘူးနော်"

ခြံရံလင်းကပြုံးရင်း ထက်ဝေဦးဆံပင်လေးတွေကိုပွတ်သည်။
" ကျွန်တော်ကဒေါက်တာ့ကိုကြိုက်လို့ အတင်းလိုက်ကပ်နေတာလို့ပြောလိုက်မယ်လေ။ဒေါက်တာကတော့ ပြန်မကြိုက်ဘူးပေါ့ "

ခြံရံလင်းက သူ့အတွက်စဥ်းစားပေးတာကြောင့် ထက်ဝေဦးလည်းပြုံးမိသွားလေသည်။

The Matching Guys (Top)Where stories live. Discover now