အပိုင်း ၇၄ ( အန္တရာယ်များကင်းရှင်း )

21.7K 2K 90
                                    

Uni,

The Matching Guys (Part 74)

နောက်ရက်တွင် ထိန်ယံလင်းက ခွန်းသန့်နောင်ရှိရာဆေးရုံကိုရောက်လာသည်။
ထိုအချိန် စဝ်ခွန်သာမှိုင်း ရှိမနေ၍ ခွန်းသန့်နောင် အနည်းငယ်အသက်ရှူချောင်သွားသည်။ ခွန်သာမှိုင်းက ထူးထူးဆန်းဆန်း ထိန်ယံလင်းနဲ့မှသူ့အားလိုတာထက် ပို၍သဝန်တိုနေသလိုပင်။

" မင်းမျက်နှာလေးက အရမ်းကိုချောင်ကျသွားတာသိရဲ့လား။စားချင်တာရှိရင် အကုန်သာပြော ကိုယ်အကုန်၀ယ်ပေးမယ်။ "

" နောက်ရက်ကျ ကိုကိုချက်ကျွေးတာတွေစားပြီရင် ကျွန်တော်ပြန်၀လာမှာပါ။
ကျွန်တော့် ကိုကိုရဲ့လက်ရာတွေကအကုန်ရှယ်ပဲ"
ခွန်းသန့်နောင်က အခါအခွင့်သင့်တုန်းတစ်ခါထဲကြွားသည်။

" ကျွန်တော့်ကိုပဲ စိတ်မပူပါနဲ့တော့ အခုဘာမှမဖြစ်တော့ဘူး။ ကိုလင်း အဖွားရော ဘယ်လိုလဲ သက်သာပြီလား"

" သက်သာပါတယ် အသေးစားခွဲစိတ်မှုလေးပါ။
မနက်ဖြန် နှစ်သစ်ကူးမှာ ခွန်းနောင်ကိုပါအိမ်လာစေချင်တာ။ဆေးရုံကဘယ်တော့ဆင်းရမလဲ ဒဏ်ရာတွေကလည်းမကြီးမားဘူးမလား "

" ဟုတ် ကျွန်တော်သက်သာပါတယ်။ ဒါပေမဲ့ လာလို့တော့မရလောက်ဘူးထင်တယ် ကိုကိုကလည်းရှိသေးတော့လေ"

" ခွန်းေနာင်ရဲ့ အစ်ကိုကိုပါခေါ်ခဲ့လေ"

ခွန်းသန့်နောင်က ခေါင်းခါသည်။
" ကိုကိုက မကြိုက်လောက်ဘူးဗျ။ သူကသီးသန့်နေပြီး လူတွေနဲ့သိပ်မရောတက်လို့လေ ကိုလင်းတို့ပါနေရခက်ကုန်မယ်"

" မင်းလေးကလည်း တစ်ယောက်ထဲဆိုတော့လည်းမလာဘူး။အစ်ကိုခေါ်ခဲ့ဆိုတော့လည်းမရဘူး။"

" နောက်ကျမှ ခြံရံလင်းနဲ့အတူ သီးသန့်လာလည်မယ်။ဪဒါနဲ့ ကျွန်တော် ကိုလင်းအတွက် လက်ဆောင်၀ယ်ထားသေးတယ် နောက်ရက်ပေးမယ်နော်"

" အင်းပါ ကိုယ့်ဘာသာသက်သာအောင်အရင်နေအုံး။ မကြာခင်မှာ မင်းသူငယ်ချင်းရဲ့ စေ့စပ်ပွဲလည်းတက်ရအုံးမယ်"

" ဗျာ ဘယ်သူ့စေ့စပ်ပွဲလဲ။ ခြံရံလင်းတော့မဟုတ်ဘူးမလား"

" သူပဲရှိတာကိုကွာ။ နှစ်သစ်ကူးပြီးနောက်ရက် သူ့ကိုစေ့စပ်ရမဲ့ ကောင်မလေးနဲ့
တွေ့ခိုင်းမှာ ပြီးရင် နှစ်ဖက်မိဘပြန်တွေ့ပြီး စေ့စပ်ပွဲရက်တစ်ခါထဲရွေးကြမှာ"

The Matching Guys (Top)Onde histórias criam vida. Descubra agora