Uni,
The Matching Guys (Part 49)
နောက်နေ့တွင်တော့ ခွန်းသန့်နောင်တို့နှစ်ယောက်သား အနီရောင်နှစ်ဆင့်လိုင်းကားကြီးဖြင့် London မြို့တွင်းသို့လည်ပတ်ကြလေသည်။
London မြို့ကြီး British တွေ၏ Buckingham Palace ရှေ့တွင်တော့
Royal guards တွေကစောင့်ကြပ်ရေးအပြည့်ပင်။
မြင်းစီးလှည့်ပတ်ကာ ကင်းစောင့်ကြသူများလည်းရှိသလိုသူ့နေရာသူရပ်နေကြသူများလည်းရှိကြသည်။Royal guards ေတွအကုန်လံုးဝတ်စုံအပြည့်ဖြင့် ခမ်းခမ်းနားနားဝတ်ဆင်ထားကြပြီး ဘုရင်နိုင်ငံတော်၏ အငွေ့အသက်တွေအပြည့်လွှမ်းခြုံနေလေသည်။ခွန်သာမှိုင်းတို့နှစ်ယောက်လုံးကထိုနေရာကိုသိပ်စိတ်မ၀င်စားသည့်မို့ ဖြတ်သွားကြရုံမျှသာ။ အရင်ကတည်းကရောက်ဖူးကြသူများဖြစ်တာကြောင့် အထူးအဆန်းမဖြစ်တော့ပေ။
မြို့ထဲ၌လမ်းလျှောက်ကြသူများလည်းအများသားပင်။နိုင်ငံစုံမှအလည်အပတ်လာကြသူတွေ ကျောင်းလာရောက်တက်ကြသည့် ကျောင်းသား၊ကျောင်းသူနှင့် သူတို့နိုင်ငံသားများ ပေါင်းစုံကို လမ်းမပေါ်၌တွေ့နိုင်သည်။
လူတော်တော်များ၏Fashion design တွေကအကုန်အလန်းဇယားတွေပင်။
တစ်ချို့ကရာသီဥတုနဲ့ ကိုက်ညီမည့်brand အလန်းဇယားတွေကို၀တ်ထားကြပြီး တစ်ချို့ကတော့ Long Coat ၊ leather Shoe အရှည်တွေ ဝတ်လို့ စီးလို့
ထားကြသည်။ ရိုးရှင်းစွာ၀တ်ထားကြသူများလည်း အများသားပင်။London မြို့တွင်လျှောက်လည်ပတ်ရသည့်မှာ နိုင်ငံပေါင်းစုံကလူတွေ၏fashion showပွဲအား ကြည့်ရှူခံစားနေရသလိုဖြစ်ပြီး၊ အချောအလှများအားလည်းမြင်တွေ့နိုင်သည်။ သို့ပေမဲ့ စိုင်းခွန်းသန့်နောင်အတွက်တော့ သူ၏ကိုကိုစဝ်ခွန်သာမှိုင်းကလွဲလျှင် တစ်ခြားသူများကသူ့မျက်လုံးထဲသို့မရောက်ပေ။ ခွန်သာမှိုင်းလည်းထိုနည်းတူစွာပင် ပတ်၀န်းကျင်ရှိလူများအား
ဂရုမစိုက်ဖြစ်။သို့ပေမဲ့ ခွန်းသန့်နောင် ဂရုစိုက်မိတာတစ်ခုရှိသည်။
ထိုအရာကတော့ လက်ချင်းချိတ်ကာ တွဲသွားနေကြသည်အတွဲများ။
သူနဲ့ ခွန်သာမှိုင်းမှာအတူတူလမ်းလျှောက်ကြရုံမျှသာ လက်ချင်းမတွဲထားကြပေ။ သူဘက်ကစတွဲလိုက်ဖို့ စဥ်းစားပေမဲ့ ခွန်သာမှိုင်းကမကြိုက်ပဲ လမ်းမကြီးတွင်သူ့အားစိတ်တိုသွားမှာကြောက်သည်။
အရှက်ကွဲမှာကိုကြောက်ခြင်းတော့မဟုတ်ပေ သူတို့၏first date လှလှလေးကိုအပျက်မခံနိုင် စိတ်အခုမခံချင်တာဖြစ်သည်။
KAMU SEDANG MEMBACA
The Matching Guys (Top)
Romansaစဝ်ခွန်သာမှိုင်း🖤 စိုင်းခွန်းသန့်နောင် Start Date[19.5.2023] End Date [16.11.2023] 1 to 80 (Completed)