အပိုင်း ၂၈ ( ခွန်သာမှိုင်းအားHotel တွင်တွေ့ရှိ)

28.5K 2K 55
                                    

Uni,

The Matching Guys (Part 28)

" Great World Company ဘက်ကို Top Empire က တဖြေးဖြေး၀င်ရောက်ပြီး ဝါးမြိုနိုင်တော့ မှာပါ"
ထိုကောင်လေးပြောေသော Great world company မှာ စဝ်ခွန်သာမှိုင်း ( Top)က အနှစ်နှစ်အလလ ကြိုးစားချည်းကပ်ပြီး ပြိုလဲအောင်လုပ်ရန်ကြံထားသည့် နိုင်ငံတကာ company ကြီးတစ်ခုပင်ဖြစ်သည်။

" မနက်ဖြန် စာချုပ်ချုပ်ကြရင် ငါလိုက်ခဲ့မယ် Topအနေနဲ့တော့ မဟုတ်ဘူး။ Top Empire ရဲ့ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ပဲ လုပ်ထားလိုက်ပါ။ "

" ဟုတ်ကဲ့ပါTop . ပြီးတော့Ukမှာလုပ်ဖြစ်မယ့် ကျွန်တော်တို့ companyရဲ့ လက်ဝတ်ရတနာလေလံပြပွဲတော့ Topတက်ရောက်မယ်မလား"

ခွန်သာမှိုင်း Leoခေါ်ပိုင်ပိုင်အား တစ်ချက်ကြည့်ကာ  အနည်းငယ်စဥ်းစားရင်း
" ငါစဥ်းစားအုံးမယ် ။ မင်းနဲ့မင်းအစ်ကိုနှစ်ယောက်ထဲ အဲ့ပွဲကိုသေချာကိုင်တွယ်ထားလိုက် အခုချိန်လူလုံးထွက်မပြချင်သေးဘူး "

Leoလည်း ခေါင်းငြိမ့်ရင်း
" ဟုတ်ကဲ့ ကျွန်တော့်အစ်ကိုလည်း အကုန်သေချာလုပ်ဆောင်နေပါတယ်။ Topစိတ်မပျက်စေရပါဘူး"

တကယ်လည်း Leoရဲ့အစ်ကိုမှာ ခွန်သာမှိုင်း တကယ်စိတ်ချလို့ရသည့်သူပင်။ အလုပ်လုပ်တာ ထောင့်စေ့ပြီး ဟာကွက်မရှိ။ ထို့ကြောင့်လည်း ထိုခွန်သာမှိုင်းကိုယ်တိုင် အကုန်၀င်ပါစရာမလိုသေး နောက်ကွယ်ကနေသာ စောင့်ကြည့်လို့ရသည်။ခွန်သာမှိုင်းကလွဲလျှင်  ထိုညီအစ်ကိုနှစ်ယောက်မှာ  Top Empire ၏ အရေးအပါဆုံးလူနှစ်ယောက်ဖြစ်လေသည်။
သူကိုယ်တိုင် ဒုက္ခတွင်းထဲကကယ်ဆယ် ဆွဲတင်ပေးခဲ့တဲ့သူတွေက ယခုအချိန်မှာတော့ အားထားရသော သူများဖြစ်လာသည်။

…..

ခြံရံလင်းမှာ  မနေ့ညကပွဲပြီး၍ ပြန်နိုးလာတော့ တစ်ပွဲထပ်ဆက်သည်မှာ ညနေပင်ရောက်ရှိသွားသည်။

ထက်ဝေဦးမှာတော့ လုံး၀ကိုမျက်နှာမကောင်းတော့ပေ။ ဤကဲ့သို့ပြင်းထန်လှသော ကုတင်ပေါ်ကပွဲအား
သူတစ်ခါမျှမကြုံခဲ့ဖူး။

ခံစားမှုမကောင်းတာတော့ မဟုတ်ပေမဲ့ တရားလွန်လွန်အားကြီးတာကြောင့် သူဒူးခေါင်းတွေပင် ပျော့ခွေနေပြီဖြစ်သည်။

The Matching Guys (Top)Where stories live. Discover now